ဆယ်ကျော်သက်အရွယ်ရောက်လာပြီး ပရိသတ်တွေမမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

Posted on

ဆယ်ကျော်သက်အရွယ်ရောက်လာပြီး ပရိသတ်တွေမမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

ပရိသတ်ကြီးရေ… တချိန်က ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ကလေးသရုပ်ဆောင်ပြည့်ပြည့် ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ပြည့်ပြည့်ဟာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပေမယ့် ထိုင်းနိုင်ငံ က ဒါရိုက်တာရိုက်ကူးတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင် ဇာတ်ကားမှာတော့ ပရိသတ်တွေရဲ့အားပေးမှုကို များ စွာရရှိခဲ့ပြီး Asian Academy Creative Award ရဲ့ Best Actress In Supporting Role ဆုကြီးကိုလည်း ရရှိ ပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပြည့်ပြည့်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဇာတ်ကား ရိုက်ကူးမှုတွေကို ရပ်နားခဲ့ပြီး ပညာရေးဖက်ကိုပဲ အာရုံစိုက်နေလျက်ရှိတာပဲဖြစ်ပါတယ်။အဲဒီ့အတွက် တီ ဗီဖန်သားပြင်မှာမမြင်ရတာကြာခဲ့ပြီဖြစ်တဲ့ ပြည့် ပြည့်ဟာ ဒီတစ်ခါမှာတော့ သူမရဲ့ လက်ရှိပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။

ကလေးသရုပ်ဆောင်လေး ပြည့်ပြည့်ကတော့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာခဲ့ပြီမို့ အရင် ထက်အများကြီးပိုလှလာခဲ့ပြီး မျက်နှာလေးကလည်း ပြောင်းလဲသွားခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြောင်းလဲသွားတဲ့ ပြည့်ပြည့်ရဲ့ပုံစံ လေးကိုကြည့်ပြီး အံ့ဩနေကြမယ်လို့ ထင်ပါတယ်နော်။

Photo Credit;Pyae Pyae’s fb




