ဆံထိုးကြီးနဲ့ စာတွေလုပ်နေတဲ့သမီးလေးတွေကိုကြည့်ပြီး သဘောတွေကျနေတဲ့ မေမေချစ်သုဝေ
ပရိသတ်ကြီးရေ.. သရုပ်ဆောင် အဆိုတော် ချစ်သုဝေကတော့ပညာတတ်ရာဝန်မ လေးတစ်ယောက်ဖြစ်ပေမယ့် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ သူဖြစ်ပါတယ်။ ချစ်သုဝေဟာ သူမနဲ့ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ တေးရေး တေးဆို လင်းလင်းနဲ့ လက်ထပ် ထားပြီး ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ် ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်လည်းဖြစ် ပါတယ်။
မိခင်တစ်ယောက်ပီပီ သားသမီးတွေရဲ့ အရွယ်ရောက် ကြီးပြင်းလာမှုကို ကြည့်ပြီး ပီတိဖြစ်နေတဲ့ ချစ်သုဝေဟာ ဒီတစ်ခါမှာလည်း သမီးငယ်လေး သစ်သစ်ရဲ့ ပုံရိပ်လေးကိုသူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ချစ်သုဝေက”ဆံပင်လေးတွေရှည်လာခဲ့ပြီဖြစ်ပြီး လူကြီးပေါက်လေးဖြစ်တဲ့ သမီးငယ်လေးကို “ဆံထိုး ကြီးနဲ့စာတွေလုပ် မေမေ့သည်းငယ်လေး.. အဆော့မက် လွန်းသော သည်းငယ်လေး ပလာတူးဂျစ်တူးလေး” ဆို ပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ချစ်သုဝေကတော့ တစ်နေ့ထက်တစ်နေ့ အရွယ်ရောက် လာခဲ့ပြီး လူကြီးပေါက်စလေးဖြစ်လာတဲ့ သမီးလေးတွေ ကိုကြည့်ပြီး ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ချစ်သုဝေတို့မိသားစုလေးကို ပရိသတ်တွေကအမြဲချစ်နေတာမို့သူမတို့မိသားစုလေး အရင်လို ပျော်ရွှင်စွာတွေ့ မြင်နိုင်ဖို့ကို အားလုံးက မျှော်လင့်နေလျက်ရှိတာပဲဖြစ်ပါ တယ်။
Photo Credit;Chit Thu Wai