ဓာတ်ပုံရိုက်ဖို့ လက်ကလေးကမ်းလှမ်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကြောင့် အရှက်ပိုနေတဲ့ အေးမြတ်နိုးစံ

Posted on

ဓာတ်ပုံရိုက်ဖို့ လက်ကလေးကမ်းလှမ်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကြောင့် အရှက်ပိုနေတဲ့ အေးမြတ်နိုးစံ

ပရိသတ်ကြီးရေ.. မင်းသားချောကောင်းမြတ်စံကတော့ ဇာတ်လမ်းတွဲတွေနဲ့နာမည်ကြီးခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ကောင်းမြတ်စံရဲ့ညီမလေး အေးမြတ်နိုးစံကလည်း အစ်ကိုဖြစ်သူရဲ့ခြေရာကိုနင်းပြီး အနုပညာလှုပ်ရှားမှု တွေကို လုပ်ကိုင်နေလျက်ရှိကာ အခုဆိုရင် ဇာတ်လမ်း တွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

အနုပညာလောကထဲကို ဝင်ရောက်ပြီး အလုပ်တွေ လုပ်ကိုင်နေပြီမို့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ လည်း ထိတွေ့ဆက်ဆံနေရပြီဖြစ်တဲ့ အေးမြတ်နိုးစံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မွေးနေ့ပွဲတစ်ခုကိုသွားရောက်ခဲ့ပါ တယ်။ အေးမြတ်နိုးစံက အဆိုပါမွေးနေ့ပွဲမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် တွေ့ခဲ့ပြီး သူမအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဓာတ်ပုံရိုက်ဖို့ မဝံ့မရဲဖြစ်နေပေမယ့် စိုင်းစိုင်းက လက်လေးကိုကမ်းပေးခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေလာပါတယ်။

အေးမြတ်နိုးစံကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ခိုက် လက်ချင်းချိတ်ပြီးဓာတ်ပုံလေးရိုက်ဖို့ မဝံ့မရဲဖြစ်နေပုံလေးကအရမ်းကိုချစ်ဖို့ကောင်းနေတာပါပဲနော်။ ပရိသတ်ကြီးလည်း အေးမြတ်နိုးစံလေးကို သူ့ရဲ့အစ်ကို ကောင်းမြတ်စံလိုပဲ အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

Photo Credit;Aye Myat Noe San




