ပဲခူးရေဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်သွားရောက်ကာအားပေးစကားပြောရင်း လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ညီထွဋ်ခေါင်

Posted on

ပဲခူးရေဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်သွားရောက်ကာအားပေးစကားပြောရင်း လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ညီထွဋ်ခေါင်

ပရိသတ်ကြီးရေ… သရုပ်ဆောင် ညီ ထွဋ်ခေါင်ကတော့ သရုပ်ဆောင်ကောင်းပြီးကျရာဇာတ် ရုပ်ကို ပီပြင်စွာရှုပစ်နိုင်တဲ့ မင်းသားတစ်လက် အဖြစ် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ညီထွဋ်ခေါင်ဟာ ဇာတ်လမ်းတွဲတွေမှာပါ ဆက်လက်သရုပ်ဆောင် နေလျက်ရှိပြီး ပရိသတ်တွေကလည်း ညီထွဋ်ခေါင်ရဲ့ ဇာတ်ကားတွေကို အားပေးကြည့်ရှုနေကြတာပဲဖြစ်ပါ တယ်။

အနုပညာအလုပ်တွေကို မအားမလပ်အောင်လုပ်ကိုင် နေရပေမယ့် အများအကျိုးအတွက် အလှူအတန်းတွေ ကိုလည်း အချိန်ပေးလုပ်ကိုင်နေတဲ့ ညီထွဋ်ခေါင်က ဒီ ကနေ့ အောက်တိုဘာလ (၁၂) ရက်နေ့မှာပဲခူးမြို့ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ညီထွဋ်ခေါင်က ပဲခူးရေဘေးသင့် ပြည်သူများထံသို့ “လောင်” ဇာတ်ကား အဖွဲ့သား များကိုယ်စား သွားရောက် လှူဒါန်း အားပေးခဲ့ပါတယ် ခင်ဗျာ …” ဆိုပြီး ပြောလာခဲ့ပါတယ်။

ညီထွဋ်ခေါင်ကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် “လောင်” ဇာတ်ကား အဖွဲ့သားများကိုယ်စား ပဲခူးရေဘေးသင့် ပြည်သူ သူများထံကို ကိုယ်တိုင်သွားရောက်ပြီး အားပေးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ပဲခူးရေဘေးသင့်ပြည်သူ တွေလည်း ညီထွဋ်ခေါင်ရဲ့ အားပေးကူညီမှုအတွက် အားအင်တွေများစွာရရှိသွားမယ်ဆိုတာ သေချာပါ တယ်။

Credit;





Credit;