ဖေဖေတစ်ယောက်တည်းကသာ သမီးကိုစောင့်ရှောက်ခဲ့တာဖြစ်လို့ ဖေဖေ့ကိုမထိခိုက်မစော်ကားကြပါနဲ့ဆိုတဲ့ စစ်လွန်းဝတီထက်

Posted on

ဖေဖေတစ်ယောက်တည်းကသာ သမီးကိုစောင့်ရှောက်ခဲ့တာဖြစ်လို့ ဖေဖေ့ကိုမထိခိုက်မစော်ကားကြပါနဲ့ဆိုတဲ့ စစ်လွန်းဝတီထက်

ပရိသတ်ကြီးရေ… စစ်လွန်းဝတီထက် ကတော့ နိုင်ငံကျော်မင်းသမီး ထက်ထက်မိုးဦးနဲ့ အဆိုတော် သရုပ်ဆောင် စိုင်းလွှမ်း တို့ရဲ့ သမီးလေးအဖြစ် ငယ်စဉ်က်တည်းက ပရိသတ်တွေရဲ့ချစ်ခင်ခြင်း ကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ ထက်ထက်မိုးဦးနဲ့ စိုင်း လွှမ်းတို့ ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်လွန်းဝတီ ထက်လေးဟာ ဖခင်ဖြစ်သူရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်း လာခဲ့ပြီပဲ ဖြစ်ပြီး အခုဆိုရင် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်လွန်းဝတီထက်ဟာ သူမကိုချစ်ကြ ပေမယ့် သူမအဖေကို ထိခိုက်စော်ကားတာမျိုးတွေမ ပြုလုပ်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ စစ်လွန်းဝတီထက် က “ပါပါး အမြဲဆုံးမပြီး ပြောပြဖူးတယ် လူဆိုတာ ကိုယ့်စိတ်သန်ရာပဲတွေးပြီးထင်တတ်ကြတယ် တဲ့ ဘယ်အရာမှ အထင်နဲ့ မသတ်မှတ်ရဘူးတဲ့ လောကမှာ နေရတဲ့အချိန် ခဏလေးအန္တရာယ်များတယ်တဲ့ 🙏🏻🙏🏻🙏🏻သမီးဘာရေးရေး ဘာလို့ လိုရာတွေးနေကြတာလဲ ခလေးတစ်ယောက်ကို တစ်မနက်လောက်ပဲ မငိုပဲ ငြိမ်အာင် လိုအပ်တာလေးပဲ လုပ်နိုင်ဖို့ကြိုးစားကြည့်ကြပါဦး ပါပါး သမီးကို တစ်ယောက်တည်းထိန်း လာခဲ့တာ လေ ခုချိန်ထိ မေမေ့ကိုလည်း ဟိုပိစိလေးခလေးအရွယ်ကတည်းက ဘယ်တုန်းကမှ စိတ်နဲ့တောင်းမပစ်မှားမိခဲ့အောင်နားလည်ပေးတတ်အောင်သင်ပေးခဲ့တယ် သမီးကလည်း မေမေ့ကို ဘယ်လိုရိုသေပြီးဘယ်လိုစိတ်ထဲမှာ ထားတယ်ဆိုတာ မေမေအသိဆုံးပါ…ပါပါးကို စော်ကားသလို comments တွေ လာမရေးကြပါနဲ့ ပါပါးနှင့် ပါပါးတို့ မိသားစုအသိုင်းအဝိုင်းက ဘယ်လိုတွေဆိုတာတွေ မေမေရော မေမေ့မိသားစုတွေရော အသိဆုံးပဲ မေမေကိုယ်တိုင်တောင် ပါပါးကို ဘာမှမပြောတာ ကြားက အထင် နဲ့ ပြောနေရေးနေတာတွေကို ပါပါးကတော့ ကိုယ်မှမဟုတ်တာ ပဲသမီးရယ် အချိန်တန်ရင်သူ့ပါသူပြီးသွားလိမ့်မယ် ဆိုပေမဲ့ မဟုတ်တဲ့အရာတွေကများလာတော့ စိတ်မကောင်းလို့ ပါ… အဆင်မပြေရင် unfollow နိုင်ပါတယ်ရှင်ချစ်တဲ့သူတွေ နည်းနည်းလေးပဲရှိလည်း ရှိတဲ့သူနည်းနည်းလေးနဲ့ပဲ အေးချမ်းစွာ နေပြီးပညာတွေအများကြီး တတ်အောင်သင်ပြီးကိုယ်နိုင်ငံ ကိုယ့်လူမျိုးကို တစ်နေရာရာကနေ အကျိုးပြုတဲ့ သူ အဖြစ်ပဲ သမီးရိုးရှင်းစွာရှင်သန်မှာမို့ ပါ..အားလုံးကို သမီး အမြဲမေတ္တာပို့ပါတယ်ချစ်ပါတယ်ရှင် မတော်ဘူးတဲ့ဆွေမျိုးမှမရှိတာပဲ🙏🏻🙏🏻🙏🏻ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

စစ်လွန်းဝတီထက်ကတော့ သူမရဲ့ ဖေဖေနဲ့ဖေဖေ့ရဲ့ မိသားစုဝင်တွေကို မဟုတ်မမှန်ပြောပြီး ထိခိုက်စော်ကားတာမျိုးတွေကို သမီးတစ်ယောက်အနေနဲ့ စိတ် မကောင်းဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။ငယ်ရွယ် သေးတဲ့ သမီးလေး စစ်လွန်းဝတီထက်ကို စိတ်ဒဏ်ရာရစေမယ့် ကောမန့်မျိုးတွေကို မရေးသားခဲ့ရင်တော့ အကောင်းဆုံးဖြစ်မှာပါနော်။

Photo Credit;Sis Loon Wutti Htet’ fb




