မိခင်ကြီးရဲ့မွေးနေ့ပွဲမှာ မိသားစုစုံစုံလင်လင်နဲ့ကျင်းပခဲ့တဲဲ့ ပုံရိပ်တွေကိုပြသလာတဲ့ မင်းသားပြေတီဦး
ပရိသတ်ကြီးရေ.. သရုပ်ဆောင် ပြေတီဦးကတော့ နာမည်ကြီးဇာတ်ကားတွေကနေတ ဆင့် အနုပညာလောမှာ ထိပ်ဆုံးကနေ အောင်မြင်လာခဲ့ တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ အကယ်ဒမီဆုများ စွာကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ပြေတီဦးဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ရပ်နား ထားရင်း မိသားစုတွေနဲ့ပဲ အချိန်ကုန်ဆုံးနေလျက်ရှိတာ ပဲဖြစ်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၁၉) ရက်နေ့ကတော့ ပြေတီဦး မေမေရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပြေတီဦးတို့ မောင်နှမတွေက မွေးနေ့ရှင်မေမေရဲ့မွေးနေ့အတွက် နေအိမ်မှာ သံဃာတော်များကို ဆွမ်းကပ်ကုသိုလ်ယူခဲ့ ပြီး မွေးနေ့ကိတ်လေးတစ်လုံးကိုခွဲကာ မိသားစုတွေနဲ့ ရိုးရိုးရှင်းရှင်းလေး ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။
ပြေတီဦးရဲ့ ဇနီးချောလေး အိန္ဒြာကျော်ဇင်ကလည်းဒုတိယမေမေ ယောက္ခမရဲ့မွေးနေ့အတွက် ခင်ပွန်းနဲ့ အတူတူ ကုသိုလ်တွေယူခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မမြင်ရတာကြာပြီ ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကို ကြည့်ပြီး အားကျနေကြမယ်လို့ ထင်ပါတယ်နော်။
Credit;
မိခင်ကြီးရဲ့မွေးနေ့ပွဲမှာ မိသားစုစုံစုံလင်လင်နဲ့ကျင်းပခဲ့တဲ့ ပုံရိပ်တွေကိုပြသလာတဲ့ မင်းသားပြေတီဦး
Credit;