မိခင်ဖြစ်သူကို ရန်ကုန်အထိရောက်အောင်လာပြီး တန်ဖိုးကြီးနားကပ်ကြီးတစ်ရံနဲ့ ကန်တော့ခဲ့တဲ့ ပိုးကြာဖြူခင်

Posted on

မိခင်ဖြစ်သူကို ရန်ကုန်အထိရောက်အောင်လာပြီး တန်ဖိုးကြီးနားကပ်ကြီးတစ်ရံနဲ့ ကန်တော့ခဲ့တဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေပိုးကြာဖြူခင်ကတော့အနုပညာလောကမှာ ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ တွဲ့သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူ ခင်ဟာ အနုပညာမှာ အောင်မြင်မှုရရှိခဲ့တယ်ဆိုတာ သူမရဲ့နောက်ကွယ်မှာ မိဘနှစ်ပါးရဲ့ ပံ့ပိုးမှုတွေကြောင့်ဆိုတာလည်း မမှားနိုင်ပါဘူး။

အခုဆိုရင် အိမ်ထောင်ကျပြီး တစ်အိုးတစ်အိမ်ထူထောင် သွားခဲ့ပြီဖြစ်တဲ့ ပိုးကြာဖြူခင်ဟာ မန္တလေးမြို့မှာနေထိုင် ပေမယ့် သူမရဲ့ မိခင်ရှိရာ ရန်ကုန်ကို မကြာခဏဆိုသလို သွားဖြစ်တာပဲ ဖြစ်ပါတယ်။ အခုလို သီတင်းကျွတ်အခါ သမယမှာလည်းပိုးကြာဖြူခင်က ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးဖြစ်နေတာတောင် မေမေ့အတွက် မန္တလေးကနေ ရန်ကုန်အထိလာပြီး ခင်ပွန်းဖြစ်သူနဲ့အတူတူ ဂါရဝ ပြုကန်တော့ခဲ့တာကို တွေ့ရပါတယ်။

ပိုးကြာဖြူခင်ကတော့ သူမကိုယ်တိုင်လည်း မိခင်တစ် ယောက်ဖြစ်လာပြီမို့ မေမေ့ရဲ့ကျေးဇူးတွေကို အရင်က ထက်သိတတ်နားလည်လာပြီး မေမေ့ကိုခင်တွယ်စိတ်တွေပိုများလာခဲ့ပြီပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်တို့ မိသားစုလေး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေကြပါ စေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit;Aye Aye Myint’ fb




