မိဘစကားနားထောင်ခဲ့လို့ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘဝအခြေအနေကိုပြောပြလာတဲ့ အဆိုတော်ဟဲလေး

Posted on

မိဘစကားနားထောင်ခဲ့လို့ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘဝအခြေအနေကိုပြောပြလာတဲ့ အဆိုတော်ဟဲလေး

ပရိသတ်ကြီးရေ.. အဆိုတော် ဟဲ လေးကတော့ သီချင်းကောင်းတွေကို သီဆိုရုံသာမကပဲ နှလုံးသားနဲ့ရေးသားထားတဲ့တေးသီချင်းတွေများစွာကို ဖန်တီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဟဲလေးဟာ အနုပညာမှာလည်း အောင်မြင်မှုရရှိသလို သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက် ဆိုလည်း မမှားပါဘူး။

ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ကတော့ ဟဲ လေးတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၅) နှစ်ပြည့် နေ့လေးလို့ သိရပါတယ်။ ဟဲလေးက “မိဘစကား နားထောင်ပြီး…ကျွန်တော်သူ့ကို ပေးဆပ်ခဲ့တာ ဒီနေ့ ၁၅နှစ်တင်းတင်းပြည့်ပါပြီ … ချစ်မှချစ်…ချစ်ပြီးရင်းချစ်..ကျွန်တော်ကတော့..တစ်ဘဝလုံး..ထမင်းနဲ့လင်းပါပဲ=== 23.10.23(15th Anniversary)” ဆိုပြီး သူ့ရဲ့ ချစ်ဇနီးကို အရမ်းချစ် ကြောင်း ပြောလာပါတယ်။

ဟဲလေးတို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တမ်း (၁၅) နှစ်မှာ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ အတူဘဝကို ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဟဲလေးတို့ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသက်တမ်း (၁၅) နှစ်မှသည် နောက်နှစ်ပေါင်းများစွာတိုင်ထာဝရမခွဲမခွာပဲချစ်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Photo Credit;He’ Lay





Photo Credit;He’ Lay