သားလေးဂုဏ်ရှိန်တိုးဟာ သူ့အတွက်ဘယ်လောက်ထိအဓိပ္ပာယ်ရှိလဲဆိုတာကို ရင်ထဲကစကားလုံးတွေနဲ့ဖော်ညွှန်းလိုက်တဲ့ နေတိုး

Posted on

သားလေးဂုဏ်ရှိန်တိုးဟာ သူ့အတွက်ဘယ်လောက်ထိအဓိပ္ပာယ်ရှိလဲဆိုတာကို ရင်ထဲကစကားလုံးတွေနဲ့ဖော်ညွှန်းလိုက်တဲ့ နေတိုး

ပရိသတ်ကြီးရေ မင်းသားချောနေတိုးကတော့ အနုပညာလောကရဲ့ထိပ်တန်းကြယ်တစ်ပွင့်ဖြစ်ပါတယ်နော်။သူဟာအခုဆိုရင်ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။အခုတစ်ခါမှာတော့ နေတိုးကသားလေးနဲ့အချိန်ကုန်နေရတဲ့ နေ့ရက်တွေကိုပျော်ရွှင်ကြည့်နူးကြောင်းပြောပြလာပါတယ်။

နေတိုးက”သားလေးနဲ့ အတူနေတဲ့အချိန်ဆိုရင် အချိန်တွေ ဘယ်လို ကုန်‌ဆုံးသွားမှန်း မသိပါဘူး…သားလေးက လူကြီးလေးလိုမျိုး စူးစမ်းတတ်တယ်… သားလေးက ကျွန်တော့်အတွက် နှလုံးသားထဲကလာတဲ့ တန်ဖိုးရှိသော အပိုဆုလေးတစ်ခုပါပဲ…ဇာတ်ကားတွေမှာလည်း အဖေနေရာ သားနေရာမှာသရုပ်ဆောင်ဖူးပေမဲ့လိုတာပိုတာတွေတော့ရှိတာပေါ့…အခုအပြင်မှာက ဖခင်မေတ္တာအပြည့်ပေးနိုင်တယ်လေ…သားလေးက တအိမ်လုံး သည်းသည်းလှုပ် အချစ်ဆုံးဖြစ်နေတာပါ…သားလေးက ညီလေး ဝင်စားတယ်လို့ပြောကြတဲ့အပေါ် စိတ်ခံစားမူ့တော့ရှိတယ် ဒါပေမဲ့ ဝင်စားတာဆိုတာကျွန်တော်ကတော့မယုံကြည်ပါဘူး…သားလေးကကျွန်တော်နဲ့ အကုန်တူတယ်လို့ပြောကြတယ် အဲဒီအတွက်လည်းဝမ်းသာမိပါတယ်….အမေ အရင် အချိန်တွေတုန်းက သားတွေကိုထိန်းရတာ အခုတော့ သူ့မြေးလေးထိန်းနေရတာပေါ့”… လို့ပြောပြလာတာပဲဖြစ်ပါတယ်။

နေတိုးကတော့ သားလေးဟာ ကွယ်လွန်သွားတဲ့ညီဖြစ်သူမင်းသွေးဝင်စားတယ်ဆိုတဲ့အပေါ် သူ့ရဲ့စိတ်ခံစားချက်ကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်တာပဲဖြစ်ပါတယ်။Real Mediaပရိသတ်ကြီးလည်း နေတိုးတို့မိသားစုလေးကိုကြည့်ပြီးကြည်နူးပီတိဖြစ်နေမယ်ထင်ပါတယ်နော်။#Real Media#(တိုက်ရိုက်ကူးယူဖော်ပြခွင့်မပြု)

Credit;Real Media

သားေလးဂုဏ္ရွိန္တိုးဟာ သူ႔အတြက္ဘယ္ေလာက္ထိအဓိပၸာယ္ရွိလဲဆိုတာကို ရင္ထဲကစကားလုံးေတြနဲ႔ေဖာ္ညႊန္းလိုက္တဲ့ ေနတိုး

ပရိသတ္ႀကီးေရ မင္းသားေခ်ာေနတိုးကေတာ့ အႏုပညာေလာကရဲ့ထိပ္တန္းၾကယ္တစ္ပြင့္ျဖစ္ပါတယ္ေနာ္။သူဟာအခုဆိုရင္ေပ်ာ္ရႊင္ခ်မ္းေျမ့စရာေကာင္းတဲ့ မိသားစုဘဝေလးကိုပိုင္ဆိုင္ထားၿပီပဲျဖစ္ပါတယ္။အခုတစ္ခါမွာေတာ့ ေနတိုးကသားေလးနဲ႔အခ်ိန္ကုန္ေနရတဲ့ ေန႔ရက္ေတြကိုေပ်ာ္ရႊင္ၾကည့္ႏူးေၾကာင္းေျပာျပလာပါတယ္။

ေနတိုးက”သားေလးနဲ႔ အတူေနတဲ့အခ်ိန္ဆိုရင္ အခ်ိန္ေတြ ဘယ္လို ကုန္‌ဆုံးသြားမွန္း မသိပါဘူး…သားေလးက လူႀကီးေလးလိုမ်ိဳး စူးစမ္းတတ္တယ္… သားေလးက ကၽြန္ေတာ့္အတြက္ ႏွလုံးသားထဲကလာတဲ့ တန္ဖိုးရွိေသာ အပိုဆုေလးတစ္ခုပါပဲ…ဇာတ္ကားေတြမွာလည္း အေဖေနရာ သားေနရာမွာသ႐ုပ္ေဆာင္ဖူးေပမဲ့လိုတာပိုတာေတြေတာ့ရွိတာေပါ့…အခုအျပင္မွာက ဖခင္ေမတၱာအျပည့္ေပးနိုင္တယ္ေလ…သားေလးက တအိမ္လုံး သည္းသည္းလႈပ္ အခ်စ္ဆုံးျဖစ္ေနတာပါ…သားေလးက ညီေလး ဝင္စားတယ္လို႔ေျပာၾကတဲ့အေပၚ စိတ္ခံစားမူ႔ေတာ့ရွိတယ္ ဒါေပမဲ့ ဝင္စားတာဆိုတာကၽြန္ေတာ္ကေတာ့မယုံၾကည္ပါဘူး…သားေလးကကၽြန္ေတာ္နဲ႔ အကုန္တူတယ္လို႔ေျပာၾကတယ္ အဲဒီအတြက္လည္းဝမ္းသာမိပါတယ္….အေမ အရင္ အခ်ိန္ေတြတုန္းက သားေတြကိုထိန္းရတာ အခုေတာ့ သူ႔ေျမးေလးထိန္းေနရတာေပါ့”… လို႔ေျပာျပလာတာပဲျဖစ္ပါတယ္။

ေနတိုးကေတာ့ သားေလးဟာ ကြယ္လြန္သြားတဲ့ညီျဖစ္သူမင္းေသြးဝင္စားတယ္ဆိုတဲ့အေပၚ သူ႔ရဲ့စိတ္ခံစားခ်က္ကိုပြင့္ပြင့္လင္းလင္းေျပာျပလိုက္တာပဲျဖစ္ပါတယ္။Real Mediaပရိသတ္ႀကီးလည္း ေနတိုးတို႔မိသားစုေလးကိုၾကည့္ၿပီးၾကည္ႏူးပီတိျဖစ္ေနမယ္ထင္ပါတယ္ေနာ္။#Real Media#(တိုက္ရိုက္ကူးယူေဖာ္ျပခြင့္မျပဳ)

Credit;Real Media