သူမရဲ့ပထမဆုံးသရုပ်ဆောင်တဲ့ ဇာတ်ကားလေးနဲ့ပတ်သက်ပြီး စကားတစ်ခွန်းပြောလာတဲ့ မြတ်ရတနာကျော်

Posted on

သူမရဲ့ပထမဆုံးသရုပ်ဆောင်တဲ့ ဇာတ်ကားလေးနဲ့ပတ်သက်ပြီး စကားတစ်ခွန်းပြောလာတဲ့ မြတ်ရတနာကျော်

ပရိသတ်ကြီးရေ… ချစ်စရာ ကောင်းတဲ့ ရှမ်းမလေး မြတ်ရတနာကျော်ကတော့ ကြော်ငြာဓာတ်ပုံတွေနဲ့ သီချင်းဗီဒီယိုတွေမှာပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ မြတ်ရတနာကျော်ဟာ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေး သွားခဲ့ပြီး Blogger တစ်ယောက်အနေနဲ့ ရပ်တည်နေတာ ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြတ်ရတနာကျော်က သူမ ပထမဦးဆုံးသရုပ်ဆောင်တဲ့ “အိုးမိုင်ဂေါ့ဒ်” ဇာတ်လမ်းတွဲ Fan Meeting မှာ လာရောက်ဝန်းရံပေး ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုလာပါ တယ်။

မြတ်ရတနာကျော်က “အိုးမိုင်ဂေါ့ဒ် မိသားစုကြီးရယ် ချစ်ရတဲ့ချစ်သူလေးများရယ်နဲ့ အမှတ်တရ Fan Meeting မြတ်ကိုမအားတဲ့ကြားက တကူးတကလာပြီး ချစ်ပေး ဝန်းရံပေးကြတဲ့ မျက်ဝန်းလေးတွေ အယောက်စီတိုင်းကိုလည်း အများကြီးတင်ပါတယ်။အများကြီးလည်းချစ်တယ်နော်။ မလာဖြစ်တဲ့ မျက်ဝန်းလေးတွေ လည်း နောက် ကျ ရင် ဆုံ ပါမယ် နော် … … May God bless you all I ဒီည ၇ နာရီမှာFortune TvမှာOMG လေးလာမှာမို့ ကြည့် ဖို့ မမေ့ပါနဲ့အုံးနော်လို့…. ” ဆိုပြီး ပြောလာပါ တယ်။

“အိုးမိုင်ဂေါ့ဒ်” ဇာတ်လမ်းတွဲဟာ မြတ်ရတနာကျော်ရဲ့ ပထမဦးဆုံးသရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲဖြစ်တာမို့ အားနည်းချက် ချို့ယွင်းချက်တဲ့တွေရှိကောင်းရှိနိုင်ပေ မယ့် သူမအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ထားတယ်ဆိုတာ တွေ့နိုင်ပါတယ်နော်။

Photo Credit;Myat YadaNar Kyaw’ fb




