အသက်(၁၇)နှစ်တောင်ပြည့်သွားပြီဖြစ်တဲ့ အရွယ်ရောက်လာတဲ့ သားလေးရဲ့ဆန္ဒအတိုင်းမွေးနေ့အမှတ်တရလေးပြုလုပ်ပေးခဲ့တဲ့ စိုးမြတ်နန္ဒာ

Posted on

အသက်(၁၇)နှစ်တောင်ပြည့်သွားပြီဖြစ်တဲ့ အရွယ်ရောက်လာတဲ့ သားလေးရဲ့ဆန္ဒအတိုင်းမွေးနေ့အမှတ်တရလေးပြုလုပ်ပေးခဲ့တဲ့ စိုးမြတ်နန္ဒာ

ပရိသတ်ကြီးရေ… ဒါဒါ လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော စိုးမြတ်နန္ဒာကတော့အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသလို အောင်မြင်မှုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာဟာအခုဆိုရင် အဆိုတော်သရုပ်ဆောင် စိုးသူနဲ့ တစ်အိုးတစ်အိမ်ထူထောင်ထားခဲ့ပြီဆိုပေမယ့် သူ့ရဲ့သားလေးမြတ်သောမောင် အပေါ်မှာလည်း တာဝန်ကျေပွန်တဲ့မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၂၉) ရက်နေ့ကတော့ မြတ်သောမောင်ရဲ့ မွေးနေ့လေးလို့ သိရပါတယ်။ စိုး မြတ်နန္ဒာက သားလေး မြတ်သောမောင်ရဲ့ မွေးနေ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူအယောက် (၂၀၀) စာ နေ့လည်စာလှူဒါန်းပေးခဲ့ပြီး “သားမောင် ၁၇ နှစ်ပြည့်ပြီ … အရင်နှစ်တွေလို့ပဲဆုတောင်းပေးချင်ပါ တယ်။ လောကဓံ၈ပါးကို ခံနိုင်ရည်ရှိသူဖြစ်ပါစေ လို့သီတင်းကျွတ်လပြည့်နေ့ လေးမှာ သားသား ဘုရားပူဇော်ဖို့ အိမ်က ကလေးတွေ ပြင်ဆင်ပေးထားတဲ့ ပုံ လေး ရယ် .. သားသား ဆန္ဒအတိုင်း အလှူလေးလုပ် ပေးဖြစ်တဲ့ ပုံလေးရယ် အမှတ်တရ တင်ပါရစေနော် …”ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှပြောလာပါတယ်။

စိုးမြတ်နန္ဒာကတော့ သူမရဲ့ တစ်ယောက်တည်းရှိတဲ့ သားလေးအပေါ်မှာ အရမ်းချစ်ပြီး မြတ်သောမောင်က လည်း မေမေစိတ်ချမ်းသာရလောက်အောင် လိမ္မာရေးခြားရှိပြီး အနေအထိုင်အေးဆေးသူတစ် ယောက်ပဲ ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာတို့ သားအမိတွေ အခုလိုပဲ အမြဲတမ်းထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;





Credit;