2023ခုနှစ်ဟာ သူမတို့အတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ရင်ထဲထိစေတဲ့စကားလုံးတွေနဲ့ ဖွင့်ဟလိုက်တဲ့ ချစ်သုဝေ

Posted on

2023ခုနှစ်ဟာ သူမတို့အတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ရင်ထဲထိစေတဲ့စကားလုံးတွေနဲ့ ဖွင့်ဟလိုက်တဲ့ ချစ်သုဝေ

ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်ခင် အားပေးကြတဲ့ အနုပညာရှင်အတွဲလေးကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ဝါသနာပါရာ အနူပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေ ကြသူတွေပါ။ သူတို့ရဲ့သမီးလေးတွေဟာလည်း ပရိသတ်တွေ သာမကပဲ အနုပညာရှင်များကပါ ချစ်ခင်ကြတာလည်း ဖြစ်ပါ တယ်။ အိမ်ထောင်သက် (၉) နှစ်နီးပါးရှိနေပြီဖြစ်တဲ့ လင်း လင်းနဲ့ ချစ်သုဝေတို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက နိုင်ငံရေး ပြဿနာတွေကြောင့် သူတို့ရဲ့သမီးလေးတွေနဲ့အတူတူ နေရာ ဒေသအသစ်မှာ တိမ်းရှောင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

မနေ့ကလို နှစ်သစ်ကူးအချိန်အခါမှာလည်း ချစ်သုဝေက သူများပျော်သလို ပျော်မနေဘူးလို့ အခုလိုပဲပြောလာပါ တယ်။ချစ်သုဝေက “ဒီလိုပါပဲ တရက်ပြီး တရက်သာ တွေးပြီး ဖြတ်သန်းနေတော့ မွေးနေ့ရယ်လည်းရင်မခုန် anniversaryဆိုတာလည်းမရှိ new new yearတွေလည်းမ ပျော်ချင်တော့ပါဘူး။ ကိုယ်မျှော် နေတဲ့ တနေ့ မရောက်မ ချင်း ကိုယ့်မြေကိုယ့်နေရာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်church ကိုယ့်မိတ်ဆွေရင်းတွေကို လွမ်းစိတ် ဖြတ်သန်းခဲ့ရသမျှနာကျင်စိတ်တွေကို ဘယ်ပျော်စရာ ဘယ် ရင်ခုန်မှုကမှ မလွှမ်းမိုးနိုင်တော့တာကိုး

“2023” ဟာ အားကုန်ရုန်းရမယ့် အဆုံးအဖြတ်နှစ်မို့ အားလုံး ရုန်းကြရအောင်အိမ်ပြန်ချင်တယ် မြေပြင်ကသူတွေ အိမ်နဲ့ဝေးသူတွေလည်း အိမ်ပြန်စေချင် တယ်။ ပြီးတော့. တနေ့ ဖြတ်သန်းခဲ့သမျှနာကျင်မှုတွေကနေ လှပတဲ့ငါတို့ရေးတဲ့ သမိုင်းအကြောင်းတွေပြောပြီး စိတ်လွတ် လက်လွတ် ရယ်မောချင်တယ်” ဆိုပြီး ရင်ဖွင့်လာပါ တယ်။ချစ်သုဝေကတော့ စိတ်လွတ်ကိုယ်လွတ် ရယ်မောပျော် ရွှင်ရမယ့် အချိန်မရောက်မချင်း ဘယ်လိုနေ့မျိုးမဆို မပျော် တော့တဲ့အကြောင်းကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ပြန် ချင်နေတဲ့ ချစ်သုဝေလည်း အမြန်ဆုံး အိမ်ပြန်ခွင့်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;

2023ခုႏွစ္ဟာ သူမတို႔အတြက္ ဘယ္ေလာက္အေရးပါလဲဆိုတာကို ရင္ထဲထိေစတဲ့စကားလုံးေတြနဲ႔ ဖြင့္ဟလိုက္တဲ့ ခ်စ္သုေဝ

ပရိသတ္ေတြသာမကပဲ အႏုပညာရွင္မ်ားကပါ ခ်စ္ခင္ အားေပးၾကတဲ့ အႏုပညာရွင္အတြဲေလးကေတာ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ဇနီးေမာင္ႏွံပဲ ျဖစ္ပါတယ္။ သူတို႔ဇနီးေမာင္ႏွံဟာ ဝါသနာပါရာ အႏူပညာအလုပ္ေတြကို ေဇာက္ခ်လုပ္ကိုင္ေန ၾကသူေတြပါ။ သူတို႔ရဲ့သမီးေလးေတြဟာလည္း ပရိသတ္ေတြ သာမကပဲ အႏုပညာရွင္မ်ားကပါ ခ်စ္ခင္ၾကတာလည္း ျဖစ္ပါ တယ္။ အိမ္ေထာင္သက္ (၉) ႏွစ္နီးပါးရွိေနၿပီျဖစ္တဲ့ လင္း လင္းနဲ႔ ခ်စ္သုေဝတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက နိုင္ငံေရး ျပႆနာေတြေၾကာင့္ သူတို႔ရဲ့သမီးေလးေတြနဲ႔အတူတူ ေနရာ ေဒသအသစ္မွာ တိမ္းေရွာင္ေနခဲ့ရတာပဲ ျဖစ္ပါတယ္။

မေန႔ကလို ႏွစ္သစ္ကူးအခ်ိန္အခါမွာလည္း ခ်စ္သုေဝက သူမ်ားေပ်ာ္သလို ေပ်ာ္မေနဘူးလို႔ အခုလိုပဲေျပာလာပါ တယ္။ခ်စ္သုေဝက “ဒီလိုပါပဲ တရက္ၿပီး တရက္သာ ေတြးၿပီး ျဖတ္သန္းေနေတာ့ ေမြးေန႔ရယ္လည္းရင္မခုန္ anniversaryဆိုတာလည္းမရွိ new new yearေတြလည္းမ ေပ်ာ္ခ်င္ေတာ့ပါဘူး။ ကိုယ္ေမၽွာ္ ေနတဲ့ တေန႔ မေရာက္မ ခ်င္း ကိုယ့္ေျမကိုယ့္ေနရာ ကိုယ့္ပတ္ဝန္းက်င္ ကိုယ့္church ကိုယ့္မိတ္ေဆြရင္းေတြကို လြမ္းစိတ္ ျဖတ္သန္းခဲ့ရသမၽွနာက်င္စိတ္ေတြကို ဘယ္ေပ်ာ္စရာ ဘယ္ ရင္ခုန္မႈကမွ မလႊမ္းမိုးနိုင္ေတာ့တာကိုး

“2023” ဟာ အားကုန္႐ုန္းရမယ့္ အဆုံးအျဖတ္ႏွစ္မို႔ အားလုံး ႐ုန္းၾကရေအာင္အိမ္ျပန္ခ်င္တယ္ ေျမျပင္ကသူေတြ အိမ္နဲ႔ေဝးသူေတြလည္း အိမ္ျပန္ေစခ်င္ တယ္။ ၿပီးေတာ့. တေန႔ ျဖတ္သန္းခဲ့သမၽွနာက်င္မႈေတြကေန လွပတဲ့ငါတို႔ေရးတဲ့ သမိုင္းအေၾကာင္းေတြေျပာၿပီး စိတ္လြတ္ လက္လြတ္ ရယ္ေမာခ်င္တယ္” ဆိုၿပီး ရင္ဖြင့္လာပါ တယ္။ခ်စ္သုေဝကေတာ့ စိတ္လြတ္ကိုယ္လြတ္ ရယ္ေမာေပ်ာ္ ရႊင္ရမယ့္ အခ်ိန္မေရာက္မခ်င္း ဘယ္လိုေန႔မ်ိဳးမဆို မေပ်ာ္ ေတာ့တဲ့အေၾကာင္းကို ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ အိမ္ျပန္ ခ်င္ေနတဲ့ ခ်စ္သုေဝလည္း အျမန္ဆုံး အိမ္ျပန္ခြင့္ရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit;