ခ်စ္ပရိသတ္ႀကီးေရ ခ်စ္စရာေကာင္းတဲ့ မိန္းကေလး ေအးျမျဖဴကေတာ့ ကေလးဘဝကတည္းက အနုပညာကို ခံုမင္နွစ္သက္ျပီး ဆုိကေရးတီးေရႊတံဆိပ္ဆုေတြရရိွျပီး ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ လုပ္ကိုင္ခဲ့သူ ျဖစ္ပါတယ္။ ေအးျမျဖဴက တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုျပီးသြားခ်ိန္မွာလည္း Myanmar Idol Season (4) သီခ်င္းဆိုျပိဳင္ပြဲၾကီးမွာ ပါဝင္ယွဥ္ျပိဳင္ခဲ့ကာ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို ရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအးျမျဖဴကေတာ့ အခုဆိုရင္ သူမဝါသနာပါရာ ဂီတလမ္းကိုေလွ်ာက္လွမ္းေနသလို သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ရုပ္ရွင္ဇာတ္ကားၾကီးေတြကို ရိုက္ကူးေနျပီ ျဖစ္ပါတယ္။

“ခ်စ္ခင္စေမွာ္ရံု” ရုပ္ရွင္ဇာတ္ကားနဲ့ “ျမေကခိုင္ မင္ရည္လဲ့” ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ေလာေလာလတ္လတ္သရုပ္ေဆာင္ထားတဲ့ ေအးျမျဖဴကေတာ့ အခုဆိုရင္ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ဆက္္လက္ေလွ်ာက္လွမ္းဖို့ သရုပ္ေဆာင္ျခင္းပညာေတြကို သင္ယူေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ေအးျမျဖဴက မ်က္လံုးအစံုနဲ့ ေစာင့္ၾကည့္ခံေနရတဲ့ သရုပ္ေဆာင္သင္တန္းမွာ စိတ္တိုေဒါသထြက္ေနတဲ့ အမူအယာအိုက္တင္ကို လံုးဝအမွားအယြင္းမရိွ သရုပ္ေဆာင္ျပခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

ေအးျမျဖဴကေတာ့ ငယ္ငယ္ကတည္းက ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ လုပ္ကိုင္ဖူးတာမို့ ကင္မရာေၾကာက္ျခင္း၊ လူေၾကာက္ျခင္းကို လံုးဝမရိွတာပဲ ျဖစ္ပါတယ္။ ေအးျမျဖဴတစ္ေယာက္ ဂီတေလာကမွာေရာ၊ သရုပ္ေဆာင္ေလာကမွာပါ ေအာင္ျမင္ထူးခြ်န္ျပီး ပရိသတ္ခ်စ္ေသာ အနုပညာရွင္တစ္ေယာက္ျဖစ္လာပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Aye Mya Phyu’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ မိန်းကလေး အေးမြဖြူကတော့ ကလေးဘဝကတည်းက အနုပညာကို ခုံမင်နှစ်သက်ပြီး ဆိုကရေးတီးရွှေတံဆိပ်ဆုတွေရရှိပြီး ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ အေးမြဖြူက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသွားချိန်မှာလည်း Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အေးမြဖြူကတော့ အခုဆိုရင် သူမဝါသနာပါရာ ဂီတလမ်းကိုလျှောက်လှမ်းနေသလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

“ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားနဲ့ “မြကေခိုင် မင်ရည်လဲ့” ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ လောလောလတ်လတ်သရုပ်ဆောင်ထားတဲ့ အေးမြဖြူကတော့ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ဆက််လက်လျှောက်လှမ်းဖို့ သရုပ်ဆောင်ခြင်းပညာတွေကို သင်ယူနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အေးမြဖြူက မျက်လုံးအစုံနဲ့ စောင့်ကြည့်ခံနေရတဲ့ သရုပ်ဆောင်သင်တန်းမှာ စိတ်တိုဒေါသထွက်နေတဲ့ အမူအယာအိုက်တင်ကို လုံးဝအမှားအယွင်းမရှိ သရုပ်ဆောင်ပြခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

အေးမြဖြူကတော့ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် လုပ်ကိုင်ဖူးတာမို့ ကင်မရာကြောက်ခြင်း၊ လူကြောက်ခြင်းကို လုံးဝမရှိတာပဲ ဖြစ်ပါတယ်။ အေးမြဖြူတစ်ယောက် ဂီတလောကမှာရော၊ သရုပ်ဆောင်လောကမှာပါ အောင်မြင်ထူးချွန်ပြီး ပရိသတ်ချစ်သော အနုပညာရှင်တစ်ယောက်ဖြစ်လာပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Aye Mya Phyu’s fb
Credit– Cele Connections