


Source: Wai Shine’s fb

ကြော်ငြာဆိုတာကတော့ ကုန်ထုတ်လုပ်သူတွေနဲ့ သုံးစွဲသူတွေကြား ချိတ်ဆက်ပေးနိုင်တဲ့ အထိရောက်ဆုံးနဲ့ အမြန်ဆန်ဆုံး လုပ်ငန်းတစ်ခုပါပဲ။ ကုန်ပစ္စည်းအရည်အသွေးကောင်းလို့ သုံးစွဲသူတွေကြား အောင်မြင်သလို ကြော်ငြာကောင်းလို့ သုံးစွဲသူတွေကြား နာမည်ကျော်သွားခဲ့တဲ့ ကုန်ပစ္စည်းတွေကလည်း မနည်းမနောရှိခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကိုလည်း ခေတ်မှီနည်းစနစ်ကြီးတွေနဲ့ အကောင်းဆုံးကြေငြာရိုက်ကူးနေတာကို ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်..။

ဒီတစ်ခေါက်မှာလည်း ရွှေမြန်မာတို့အတွက် ဂုဏ်ယူစရာ ကြော်ငြာလေးတစ်ခုက ထွက်ရှိလို့လာတာကို တွေ့ရပါတယ်။ အဲ့ဒါကတော့ တစ်ကမ္ဘာလုံး မသိတဲ့သူမရှိလောက်အောင် ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကျော်ဘောလုံးသမား Lionel Messi နဲ့ မြန်မာနိုင်ငံက သရုပ်ဆောင် ဝေရှိုင်းတို့ရဲ့ ဆက်သွက်ရေးအော်ပရေတာ ကြော်ငြာတစ်ခုပဲ ဖြစ်ပါတယ်။ ထိုကြော်ငြာလေးနဲ့ ပက်သတ်ပြီး Lionel Messi နဲ့အတူတူ သရုပ်ဆောင်ခဲ့တဲ့ ဝေရှိုင်းက “ တောင်အာဖရိက cape town မှာ အမှတ်တရတွေ အတွေ့အကြုံအသစ်တွေ အများကြီးနဲ အတူနှစ်သက်တဲ့ Idol တစ်ဦးဖြစ်တဲ့ messi နဲ ကြောငြာလေးတစ်ခုကို နိုင်ငံခြားက ရွေးချယ်ခံရပြီး သွားရိုက်ခဲ့ရပါတယ် OoredooMyanmar အဖွဲသားများနဲ့ Team တစ်ဖွဲလုံးကို ကျေးဇူးအများကြီးတင်ပါတယ်🙏🙏🙏🥰🥰🥰 ” ဟုဆိုပြီး သူ့ရဲ့ပီတိလေးကို မျှဝေပေးလာပါတယ်..။

မြန်မာနိုင်ငံက သရုပ်ဆောင်မင်းသား တစ်ယောက်နဲ့ ကမ္ဘာကျော် ဘောလုံးသမားတို့ကတော့ ဆက်သွယ်ရေးအော်ပရေတာကြော်ငြာတစ်ခုမှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝေရှိုင်းနဲ့ ထပ်တူ ဝမ်းသာနေကြမယ်ဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Bilie – Cele Connections