

လိုက်ပါတယ်နော်..။

unicode

မော်ဒယ်သရုပ်ဆောင်မင်းသားချော ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံရဲနာမည်ကျော်မော်ဒယ်လ်၊သရုပ်ဆောင်တစ်ဦးဖြစ်သလို ပြည်ပမှာလည်း ပရိသတ်တွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့အောင်မြင်မှုတွေကြောင့် ချစ်ပရိသတ်တွေကကျေနပ်အားရသလို အခုလည်း ဂုဏ်ယူစရာတစ်ခုရှိလာပြန်ပါပြီ..။

ကမ္ဘာတစ်ဝှမ်းကနာမည်ကျော်တွေကို စာရင်းကိုထုတ်ပြန်လေ့ရှိတဲ့ TC Candler ကတော့ဒီတစ်နှစ်မှာ မြန်မာနိုင်ငံက မင်းသားချောပိုင်တံခွန်နဲ့ မင်းသမီးချောလေးများဖြစ်ကြတဲ့ ဝတ်မှုန်ရွှေရည်၊ခင်ဝင့်ဝါ ၊နော်ဖော်အယ်ထား နဲ့ မေမြင့်မိုရ် အစရှိတဲ့အနုပညာရှင်တွေကို ဆန်ခါတင်စာရင်းထဲထည့်ခဲ့ပါတယ်။ အဲ့ဒီအထဲကမှ The 100 Most Handsome Faces of 2020 စာရင်းမှာတော့ မင်းသားချော ပိုင်တံခွန်ဟာ နံပါတ် (၁၀) အဆင့်အထိဝင်ခဲ့ပါတယ်။ ယောကျာ်းပီသပြီးခန့်ညားချောမောတဲ့ပိုင်တံခွန်ကတော့ အခြားသောနာမည်ကျော်တွေကိုဖြတ်ကျော်ပြီးအဆင့် (၁၀) နေရာမှာ ရပ်တည်ခဲ့ပါတယ်..။

မြန်မာနိုင်ငံကနေပြီးတော့ အခုလိုအဆင့်မျိုး ကိုရရှိတာပထမဆုံးဖြစ်တာကြောင့် ပရိသတ်တွေကတော့အရမ်းကိုဂုဏ်ယူနေတော့မှာပါ။နောက်ထပ်လည်း မြန်မာနိုင်ငံကအခြားသောအနုပညာရှင်တွေ အခုလို စာရင်းမှာ ပါဝင်လာဖို့လည်း ပရိသတ်တွေကမျှော်လင့်နေမှာ အမှန်ပါပဲနော်။ဖတ်ရှူ့ပေးကြတဲ့ ချစ်ပရိတ်သတ်ကြီးအားလုံးကို သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွနကောင်းတောင်းပေး
လို်ုက်ပါတယ်နော်..။

Source : TCCandler,PaingTakhon