


Source : Mooler
unicode

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိလာခဲ့တဲ့ Mooler လေးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပါပြီ ။ ပရိသတ်တွေချစ်ရတဲ့ Mooler လေးက ချစ်တဲ့ ပရိသတ်တွေအတွက် တဖန်ပြန်ပြီး ပျော်ရွှင်မှုတွေ နဲ့ သီဆိုဖျော်ဖြေမှုတွေ ပေးဖို့ စီစဉ်နေတယ် လို့သိရပါတယ်.. ။

လတ်တလောမှာတော့ V7 Entertainment ကနေ တဆင့် ပရိသတ်များအတွက် Myanmar Top 10 Social Chart မှာ No.1 အဖြစ် ပရိသတ်အာပေးမှု အများဆုံးရရှိထားတဲ့ Mooler ရဲ့ သီချင်းတစ်ပုဒ်ကို Music Video အဖြစ် တင်ဆက်ပေးသွားပါတော့မှာဖြစ်တယ် လို့သိရပါတယ် ။ သီချင်းအမည်ကတော့ ကျေနပ်လိုက်ပါ လို့အမည်ရပြီး ဒါရိုက်တာ – ပြည့်ဖြိုးနိုင် (MM7) က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ် ။ သရုပ်ဆောင် တွေအနေနဲ့ကတော့ ဗညားဘုန်းပြည့် ၊ Mooler ၊ ဟန်လေး တို့က ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်.. ။

ဒီသီချင်း Music Video လေးကို တက်သစ်စအဆိုတော် Mooler က သူချစ်တဲ့ ပရိသတ်တွေအတွက် မွေးနေ့မှာ လက်ဆောင်အဖြစ် ပေးမှာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အသိပေးခဲ့ပါတယ် ။ ဘယ်လိုလဲ Mooler ကိုချစ်တဲ့ ပရိသတ်ကြီး ကြည့်ချင်နေကြပြီလား ..။

Credit ; (Yaung Chi)