



ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်းတူသူတွေမို့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူလျှောက်လှမ်းနေကြတာပါ….။ အနုပညာအလုပ်ကို ရူးသွပ်ခုံမင်ပုံချင်းတူညီကြတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ကတော့ သူတို့နှစ်ယောက်အတူတူဖန်တီးကြတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်….။ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ ကလည်း အခုအချိန်ထိ ရင်သွေးမယူသေးပဲ ပရိသတ်တွေအတွက်သာ အနုပညာ လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်…။

အနုပညာအရည်အချင်းတွေကိုယ်စီကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံက ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေအတွက် အံ့သြမှင်သက်လောက်စရာ Story လေးကို ချပြလာပါတယ်…။ ပိုင်ဖြိုးသုကတော့ ခင်ပွန်းဖြစ်သူဏကြီးရဲ့ Concept တွေပါဝင်တဲ့ Story တစ်ခုမှာ စီးကရက်ကြီးခဲပြီး ပရိသတ်တွေ လုံးဝ မမြင်ဖူးသေးတဲ့ စတိုင်လ်ဒီဇိုင်းနဲ့ အရမ်းကိုမိမိုက်ပြီး အခြားလူတစ်ယောက်အလား ထင်မှတ်ရလောက်အောင်ကို အခုလိုမျိုးပဲ တွေ့ရပါတယ်….။

ဏကြီးကလည်း ပရိသတ်တွေ အတွက်မတူညီတဲ့ ခံစားမှုရသတွေကို ချပြဖို့အမြဲတမ်းကြိုးစားနေသလို ပိုင်ဖြိုးသုကလည်း ခင်ပွန်းဖြစ်သူ ဖြစ်ချင်တဲ့ ပုံစံအတိုင်း အံဝင်ခွင်ကျသရုပ်ဆောင်ပေးနိုင်တာ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ထူးခြားတဲ့ အချက်လေးပါပဲ…။ ပရိသတ်ကြီးလည်း အခြားလူတစ်ယောက်အလား ထင်မှတ်ရတဲ့ ပိုင်ဖြိုးသုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အံ့သြမှင်သက်နေကြမယ် ထင်ပါတယ်နော်…။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Paing Phyoe Thu’s fb
credit – Cele Connections