


unicode

အချစ်စစ်မှာ ကန့်သတ်ချက်တွေ မရှိဘူးဆိုတဲ့ စကားလေးအတိုင်း စစ်မှန်တဲ့ ချစ်ခြင် မေတ္တာကို အချိန်တစ်ခုလေးအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ လက်ရှိမှာ ပျော်စရာကောင်းတဲ့ အိမ်ထောင် ရေးတစ်ခုကို ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် နိုဝင်ဘာလအတွင်းမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်ကျော်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ထောင်သက်ကြာလာပြီဆိုပေမယ့် ရွှေထူးနဲ့ ရွှေမှုံရတီတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ တင်းတင်းရစ်ပတ်ချည်နှောင် ထားတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်သက်တွေကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဝမ်းသာဆရာရှိတဲ့အချိန်တွေမှာ အတူတူဝမ်းသာကြသလို စိတ်ညစ်စရာတွေရှိရင်လည်း မျှဝေခံစားပေးတတ်ကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးက အလုပ်ကိစ္စတွေကြောင့် စိတ်ပင်ပန်းနေရတာဖြစ်ပြီး ရွှေမှုံရတီကတော့ စိတ်လက်ပင်ပန်းနေတဲ့ ခင်ပွန်းဖြစ်သူကို သောက်စရာများနဲ့ လိုက်တိုက်ပြီး ပင်ပန်းသမျှကို ပြေပျောက်စေ ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ သူ့အတွက် ဇနီးကောင်းတစ်ယောက်သာမက အစ်မလို ညီမလိုအပြင် သူငယ်ချင်းလိုပါ ရင်ဖွင့်ပြော ဆိုပြီး စိတ်တူကိုယ်တူရှိတဲ့ ချစ်ဇနီးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ အေးအတူ ပူအမျှ သက်ဆုံးတိုင်ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…။

Source: Htoo Khant’s fb
Credit – Cele Connections