



unicode

မင်္ဂလာပာ ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီ အိမ်ထောင် ရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီး ရွှေမှုံရတီတို့အတွဲလေးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးကတော့ အနုပညာနယ်ပယ် နှစ်ခုဖြစ်တဲ့ ဂီတနဲ့ သရုပ်ဆောင်မှု နှစ်ခုလုံးမှာ အောင်မြင်ကျော်ကြားကြတဲ့ အနုပညာရှင် ကြယ်ပွင့်တွေ ပဲဖြစ်ပါ တယ်နော်..။

သူတို့နှစ်ဦးဟာ နေနဲ့လ ရွှေနဲ့ မြလို့ လိုက်ဖက်ပြီး ရိုမန့်တစ်ဆန်ဆန် ချစ်တတ်လွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးကို အရိုဆုံးစုံတွဲ ရွှေနှစ်ရွှေလို့ ပရိသတ်တွေက နာမည်ပြောင်လေး ပေးထားတဲ့ အထိပါ.။သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၁) နှစ်ကျော် လာပေမယ့် ကြင်စဦးလေးတွေလို ချစ်တတ် ဂရုစိုက် တတ်ပြီး Anniversary နေ့တိုင်းကို ကြည်နူးစွာ ဖြတ်သန်းတတ်ကြပါသေးတယ်..။

ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းပြီး ရစ်တတ်သူ သရုပ်ဆောင် ရွှေမှုံရတီလေးကို အဆိုတော် ရွှေထူးက သည်းသည်းလှုပ် ချစ်ကာ ဂရုစိုတ်တတ်ပြီး မိန်းမအတွက် စိတ်ပျော်အောင် လုပ်ဆောင်တတ်သူပါနော်.။ဒီဇင်ဘာလ (၉)ရက်နေ့မှာတော့ ရွှေမှုံလေးက ခင်ပွန်းဖြစ်သူ ရွှေထူးအပေါ် စိတ်ဆိုးနေတဲ့ စာလေးကို “ 😒စိတ်အလိုမကျသောအခါ😐 😎ကို ရွှေရေ သတိသာထားတော့🤪 ” ဟုဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါတယ်..။

အဆိုတော် ရွှေထူးတစ်ယောက်တော့ ပိုစ့်ကို မြင်ရင် မျက်ခုံးလှုပ်ရပြီး ရွှေမှုံလေး စိတ်တိုင်းကျ ချော့ရတော့မယ် ထင်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်..။

Source: Shwe Mhone Yati’s Facebook

Credit ; (Cele Active World)