ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ တက္သစ္စအဆိုေတာ္ေလးျဖစ္တဲ့ ေအးျမျဖဴကိုေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲက Top 3 တစ္ေယာက္အျဖစ္သိၾကသလို ငယ္စဥ္ကတည္းက သ႐ုပ္ေဆာင္တစ္ေယာက္ အျဖစ္လည္း ပရိသတ္ေတြရင္းႏွီးၾကမွာပါ။ အခုလည္း သူမခ်စ္တဲ့ အႏုပညာအလုပ္ေတြကိုဆက္တိုက္လုပ္ေဆာင္ေနတာျဖစ္ၿပီး ပရိသတ္အားေပးမႈလည္း အခိုင္အမာရရွိထားသူပါ..။

ေအာင္ျမင္ကာစအဆိုေတာ္အသစ္ေလး ေအးျမျဖဴကေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲၿပီးတဲ့ေနာက္ပိုင္းမွာ သီခ်င္းအသစ္တစ္ပုဒ္ထြက္ရွိခဲ့ပါတယ္။ အဲ့ဒီအေဆြးသီခ်င္းေလးနာမည္ကေတာ့ “ လြမ္းေနလို႔ ” ျဖစ္ၿပီး ပရိသတ္အာေပးမႈမ်ားစြာရရွိခဲ့ပါတယ္။ အခုလည္း ခ်စ္ရတဲ့ပရိတ္သတ္ေတြနားဆင္ဖို႔ သီခ်င္းအသစ္အတြက္ျပင္ဆင္ေနတဲ့အေၾကာင္းကို ပရိသတ္ေတြကိုေျပာျပလာတာပါ..။

သ႐ုပ္ေဆာင္အဆိုေတာ္ ေအးျမျဖဴကေတာ့ သူေလးစားအားက်ရတဲ့ အိုင္ေဒါတစ္ေယာက္ျဖစ္တဲ့ မင္းသားေခ်ာေနတိုးနဲ႔အတူ Music series (၃) ပုဒ္ကို ႐ိုက္ကူးေနတာလည္း ျဖစ္ပါတယ္။ အဲ့ဒီအေၾကာင္းကိုေတာ့ သူ႔ရဲ႕ေဖ့ဘြတ္ခ္ကေန တစ္ဆင့္ပရိသတ္ေတြကို အသိေပးလာခဲ့တာျဖစ္ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔
ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

ချစ်လှစွာသောပရိတ်သတ်ကြီးရေ တက်သစ်စအဆိုတော်လေးဖြစ်တဲ့ အေးမြဖြူကိုတော့ မြန်မာအိုင်ဒေါပြိုင်ပွဲက Top 3 တစ်ယောက်အဖြစ်သိကြသလို ငယ်စဉ်ကတည်းက သရုပ်ဆောင်တစ်ယောက် အဖြစ်လည်း ပရိသတ်တွေရင်းနှီးကြမှာပါ။ အခုလည်း သူမချစ်တဲ့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်အားပေးမှုလည်း အခိုင်အမာရရှိထားသူပါ..။

အောင်မြင်ကာစအဆိုတော်အသစ်လေး အေးမြဖြူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီအဆွေးသီချင်းလေးနာမည်ကတော့ “ လွမ်းနေလို့ ” ဖြစ်ပြီး ပရိသတ်အာပေးမှုများစွာရရှိခဲ့ပါတယ်။ အခုလည်း ချစ်ရတဲ့ပရိတ်သတ်တွေနားဆင်ဖို့ သီချင်းအသစ်အတွက်ပြင်ဆင်နေတဲ့အကြောင်းကို ပရိသတ်တွေကိုပြောပြလာတာပါ..။

သရုပ်ဆောင်အဆိုတော် အေးမြဖြူကတော့ သူလေးစားအားကျရတဲ့ အိုင်ဒေါတစ်ယောက်ဖြစ်တဲ့ မင်းသားချောနေတိုးနဲ့အတူ Music series (၃) ပုဒ်ကို ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ကနေ တစ်ဆင့်ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source : AyeMyaPhyu