မဂၤလာပာခ်စ္ ပရိတ္သတ္ႀကီးေရ။ The Voice Myanmar ရဲ႕ Semi Final Live Show ယွဥ္ၿပိဳင္မႈႀကီးကေတာ့ က်င္းပၿပီးစီး ခဲ့ၿပီပဲျဖစ္ပါတယ္..။

Team နီနီခင္ေဇာ္အဖြဲ႕မွ ခင္ရတနာစိုးကေတာ့ Blind Audition အဆင့္မွာကတည္းက ငယ္ကြၽမ္းေဆြသီခ်င္းေလးနဲ႔ ပရိသတ္ရင္ထဲကို အခိုင္အမာရရွိခဲ့သူပဲျဖစ္ပါတယ္..။

Semi Final မွာေတာ့ ခင္ရတနာစိုးဟာ ေဆာင္းၾကာခ်ည္လို႔ အမည္ရတဲ့ ျမန္မာသံစဥ္ေတးသီခ်င္းေလးနဲ႔ ယွဥ္ၿပိဳင္ခြင့္ရခဲ့ တာပဲျဖစ္ပါတယ္..။

ဒီသီခ်င္းေလးကို သူမရဲ႕ Coach နီနီခင္ေဇာ္ရဲ႕ ေ႐ြးခ်ယ္ေပးမႈအရ သီဆိုခဲ့ရတာျဖစ္တယ္လို႔သိရွိခဲ့ရၿပီး သီခ်င္းသီဆိုမႈမွာ ခ်စ္စဖြယ္ ေခတ္ေႏွာင္းအမူအရာေလးေတြကိုလည္း နီနီခင္ေဇာ္ က သင္ၾကားေပးခဲ့ပါတယ္တဲ့..။

ခင္ရတနာစိုးဟာ သူမရဲ႕ ပင္ကိုယ္ၾကည္လင္တဲ့အသံေလးရယ္ ခ်စ္စဖြယ္အမူအရာေလးရယ္ေပါင္းစပ္ကာ ျမန္မာသံစဥ္သီခ်င္းေလးကို သီဆိုသြားခဲ့တာေတာ့ ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ႏွလုံးသားကို ထပ္မံဆြဲေဆာင္သြားႏိုင္ခဲ့ၿပီပဲျဖ စ္ပါတယ္..။

ေနာက္တစ္ပတ္ မွာေတာ့ The Voice Myanmar Season3 ရဲ႕ Winner ဆုရွင္ကိုဆုံးျဖတ္ေပးေတာ့မယ့္ ေနာက္ဆုံး Grand Final ပြဲႀကီးကိုယွဥ္ၿပိဳင္ရေတာ့မွာပဲျဖစ္ပါတယ္။ေနာက္တစ္ပတ္မွာ ခင္ရတနာစိုးကို ဆက္လက္အားေပးႏိုင္ဖို႔ ယခုတစ္ပတ္ ပရိတ္သတ္ေတြရဲ႕ ႏွလုံးသားကိုစြဲလႈပ္သြားခဲ့တဲ့ ျမန္မာသံစဥ္သီခ်င္းေလးကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္..။

unicode

မင်္ဂလာပာချစ် ပရိတ်သတ်ကြီးရေ။ The Voice Myanmar ရဲ့ Semi Final Live Show ယှဉ်ပြိုင်မှုကြီးကတော့ ကျင်းပပြီးစီး ခဲ့ပြီပဲဖြစ်ပါတယ်..။

Team နီနီခင်ဇော်အဖွဲ့မှ ခင်ရတနာစိုးကတော့ Blind Audition အဆင့်မှာကတည်းက ငယ်ကျွမ်းဆွေသီချင်းလေးနဲ့ ပရိသတ်ရင်ထဲကို အခိုင်အမာရရှိခဲ့သူပဲဖြစ်ပါတယ်..။

Semi Final မှာတော့ ခင်ရတနာစိုးဟာ ဆောင်းကြာချည်လို့ အမည်ရတဲ့ မြန်မာသံစဉ်တေးသီချင်းလေးနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့ တာပဲဖြစ်ပါတယ်..။

ဒီသီချင်းလေးကို သူမရဲ့ Coach နီနီခင်ဇော်ရဲ့ ရွေးချယ်ပေးမှုအရ သီဆိုခဲ့ရတာဖြစ်တယ်လို့သိရှိခဲ့ရပြီး သီချင်းသီဆိုမှုမှာ ချစ်စဖွယ် ခေတ်နှောင်းအမူအရာလေးတွေကိုလည်း နီနီခင်ဇော် က သင်ကြားပေးခဲ့ပါတယ်တဲ့..။

ခင်ရတနာစိုးဟာ သူမရဲ့ ပင်ကိုယ်ကြည်လင်တဲ့အသံလေးရယ် ချစ်စဖွယ်အမူအရာလေးရယ်ပေါင်းစပ်ကာ မြန်မာသံစဉ်သီချင်းလေးကို သီဆိုသွားခဲ့တာတော့ ပရိတ်သတ်တော်တော်များများရဲ့ နှလုံးသားကို ထပ်မံဆွဲဆောင်သွားနိုင်ခဲ့ပြီပဲဖြ စ်ပါတယ်..။

နောက်တစ်ပတ် မှာတော့ The Voice Myanmar Season3 ရဲ့ Winner ဆုရှင်ကိုဆုံးဖြတ်ပေးတော့မယ့် နောက်ဆုံး Grand Final ပွဲကြီးကိုယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။နောက်တစ်ပတ်မှာ ခင်ရတနာစိုးကို ဆက်လက်အားပေးနိုင်ဖို့ ယခုတစ်ပတ် ပရိတ်သတ်တွေရဲ့ နှလုံးသားကိုစွဲလှုပ်သွားခဲ့တဲ့ မြန်မာသံစဉ်သီချင်းလေးကို ဖော်ပြပေးလိုက် ပါတယ်နော်..။

Videoၾကည့္ရန္။

Crdး းCelebrity Platforms