


Source: Kyaw Su’s fb

မြန်မာ့ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ အိုက်တင်ပါးပါးလေးတွေနဲ့ ထိထိမိမိသရုပ်ဆောင်တတ်တဲ့ မင်းသားချော ကျော်ဆုကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။မင်းသား ကျော်ဆုကတော့ သရုပ်ဆောင်ကောင်းရုံသာမကပဲ သီချင်းဆိုကောင်းသူလည်းဖြစ်ပြီး သူကိုယ်တိုင်ရေးသားသီဆိုထားတဲ့ သီချင်းတွေလည်း ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။ အထူးသဖြင့် ကျော်ဆုကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ “ ရွှေဖူးစာဆုံရာမြေ ” ဇာတ်ဝင်တေးသီချင်းကတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်..။

မနေ့က ဒီဇင်ဘာလ (၁၂) ရက်နေ့ကတော့ သရုပ်ဆောင်ကျော်ဆုရဲ့ အသက် (၃၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။မင်းသားကျော်ဆုကတော့ သူ့ရဲ့ မွေးနေ့မှာ အမြို့မြို့အနယ်နယ်က ပရိသတ်တွေဆီက အမှတ်တရ မွေးနေ့လက်ဆောင်တွေရရှိခဲ့ပြီး ပျော်ရွှင်စရာအမှတ်တရတွေ ရရှိခဲ့ကြောင်းကို “ အမှတ်တရ လေးတွေဖန်တီးပေးလို့ ကျေးဇူးပါ ခင်ဗျာ အချစ်ဆုံးပရိသတ်လေးတွေ❤️❤️❤️ ” ဟုဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကျေးဇူးတင်စကားပြောလာတာပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်မင်းသား ကျော်ဆုကတော့ သူ့ရဲ့ အသက် (၃၃) နှစ်ပြည့်မွေးနေ့မှာ ချစ်ပေးကြတဲ့ ပရိသတ်တွေကြောင့် မမေ့နိုင်စရာ အမှတ်တရတွေကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ဆုအတွက် အမှတ်တရဖြစ်စေမယ့် မွေးနေ့ဆုတောင်းစကားလေးတစ်ခွန်း ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။

Bilie – Cele Connections