မဂၤလာပါပရိသတ္ႀကီးေရ Emperor Music Band ရဲ့ ပဲ့ကိုင္ရွင္တစ္ေယာက္ျဖစ္သလို ျမန္မာနိုင္ငံရဲ့ King Of Rock လို့ တင္စားရမယ့္ အဆိုေတာ္ၾကီး ေဇာ္ဝင္းထြဋ္ကေတာ့ သူ့ရဲ့ အမိုက္စား Rock သီခ်င္းေတြနဲ့ ပရိသတ္ေတြကို နွစ္ေပါင္း (၃၀) ေက်ာ္ ေဖ်ာ္ေျဖတင္ဆက္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေဇာ္ဝင္းထြဋ္က လက္ရိွမွာ အသက္အရြယ္တစ္ခုကို ေရာက္ရိွေနျပီဆိုေပမယ့္ Rock သီခ်င္းေတြကို သီဆိုရင္း မိသားစုကိုလည္း အခ်ိန္ေပး ေစာင့္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ ေဇာ္ဝင္းထြဋ္ကေတာ့ တစ္ေန့ထက္တစ္ေန့ အသက္ၾကီးလာခဲ့ျပီဆိုေပမယ့္ သူ့ရဲ့ သီခ်င္းေတြကေတာ့ ပရိသတ္ေတြၾကားထဲမွာ ဆက္လက္ရွင္သန္နုပ်ိဳေနဆဲျဖစ္ပါတယ္။

ဒီေန့ ဇန္နဝါရီလ (၂၁) ရက္ေန့ကေတာ့ ပရိသတ္ၾကီးခ်စ္တဲ့ Rocker ၾကီး ေဇာ္ဝင္းထြဋ္ရဲ့ အသက္ (၅၇) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေဇာ္ဝင္းထြဋ္က သူ့ရဲ့ ေမြးေန့ညေလးမွာ ခ်စ္ရတဲ့ သမီးၾကီး ဝင္းထြဋ္တာရာနဲ့ ေျမးမေလး ေကသရာတို့ဆီက Surprise Birthday Cake ေလး လက္ေဆာင္ရရိွခဲ့တာကို ဝင္းထြဋ္တာရာရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေတြ့ရပါတယ္။

ေဇာ္ဝင္းထြဋ္ကေတာ့ ပရိသတ္ေတြအတြက္ သီခ်င္းေတြသီဆိုရင္း အသက္ (၅၇) နွစ္တိတိ ျပည့္သြားခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ၾကီး ေဇာ္ဝင္းထြဋ္အတြက္ အမွတ္တရ ေမြးေန့ဆုေတာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေန္ာ။ ဖတ္ရႈေပးၾကတဲ့ခ်စ္ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Win Htut Tara’s fb
Credit – Cele Connections

မင်္ဂလာပါပရိသတ်ကြီးရေ Emperor Music Band ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ King Of Rock လို့ တင်စားရမယ့် အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ သူ့ရဲ့ အမိုက်စား Rock သီချင်းတွေနဲ့ ပရိသတ်တွေကို နှစ်ပေါင်း (၃၀) ကျော် ဖျော်ဖြေတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်က လက်ရှိမှာ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဆိုပေမယ့် Rock သီချင်းတွေကို သီဆိုရင်း မိသားစုကိုလည်း အချိန်ပေး စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ကတော့ တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာခဲ့ပြီဆိုပေမယ့် သူ့ရဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားထဲမှာ ဆက်လက်ရှင်သန်နုပျိုနေဆဲဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၂၁) ရက်နေ့ကတော့ ပရိသတ်ကြီးချစ်တဲ့ Rocker ကြီး ဇော်ဝင်းထွဋ်ရဲ့ အသက် (၅၇) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်က သူ့ရဲ့ မွေးနေ့ညလေးမှာ ချစ်ရတဲ့ သမီးကြီး ဝင်းထွဋ်တာရာနဲ့ မြေးမလေး ကေသရာတို့ဆီက Surprise Birthday Cake လေး လက်ဆောင်ရရှိခဲ့တာကို ဝင်းထွဋ်တာရာရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။

ဇော်ဝင်းထွဋ်ကတော့ ပရိသတ်တွေအတွက် သီချင်းတွေသီဆိုရင်း အသက် (၅၇) နှစ်တိတိ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်ကြီး ဇော်ဝင်းထွဋ်အတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနေ်ာ။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Win Htut Tara’s fb
Credit – Cele Connections