Source: Zarni Htay’s fb
သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတွေ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံကတော့ (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ချစ်စရာကောင်းတဲ့ သားသမီး သုံးယောက်ကို မွေးဖွားထားခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပဲ စီးပွားရေးအလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံက မောင်နှမသဖွယ်ခင်မင်နေရတဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ရဲ့ မင်္ဂလာပွဲအတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောလာတာကို တွေ့ရပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးက “အစ်ကို နဲ့ အစ်မတို့ရဲ့ချစ်ရတဲ့ ညီလေး နဲ့ ညီမလေးတို့ ရာသက်ပန် ရိုးမြေကျအိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။ အစ်ကိုတို့ဒီနေ့မလာနိုင်ပဲ တာဝန်မကျေတဲ့အတွက်တောင်းပန်ပါတယ်နော်။ အိမ်ကိုလာခဲ့မယ်နော်…😍😍😍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံကတော့ ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်သွားခဲ့တဲ့ အောင်မြင့်မြတ်အတွက် မင်္ဂလာဆုတောင်းစကားပြောလာတာပဲ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဆုတောင်းပေးသလို အောင်မြင့်မြတ်တို့ချစ်သူနှစ်ယောက် ရိုးမြေကျ ပေါင်းဖက်နိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Zarni Htay’s fb
Credit– Cele Connections