


Source: Yamin Oo

ချစ်လှစွာသော ပရိသတ်ကြီး ရေပန်ကိတ်ဒါဒါကတော့ သြစတျေးလျနိုင်ငံမှာ ပညာသင်ကာ Master ဘွဲ့ ကို ရရှိထားတဲ့ ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာရှင်မဟုတ်ပေမယ့် Beauty ဘလော့ဂါအဖြစ် သူမရဲ့ဝါသနာအရအလှ အပရေးရာဆိုင်ရာတွေကို ဝေမျှလေ့ရှိတဲ့အပြင် ခွန်အားရှိစေတဲ့စာလေးတွေ အတွေးအခေါ်လေးတွေကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ဦးပါ..။

သူမရဲ့အတွေးအခေါ်လေးတွေ နဲ့အလှအပရေးရာဆိုင်ရာတွေ ဝေမျှမှုကြောင့် မိန်းကလေးပရိသတ်တော်တော်များ သဘောကျဝန်းရံခံရတဲ့ သူတစ်ယောက်ပါ။ သူမ ချစ်သူဟောင်းရွှေထူးနဲ့ လမ်းခွဲပြတ်စဲပြီးနောက်မှာလည်း အခုချိန်ထိတစ်ယောက်ထဲ Single အဖြစ်နဲ့ နေထိုင်ကာ မြန်မာပြည်ကိုပြန်လာတဲ့ အချိန်တွေမှာလည်း ကြော်ငြာတွေပါရိုက်ကူး လျက်ရှိနေပါပြီနော်..။

Single အဖြစ်အနေကြာနေတဲ့ သူမကိုပရိသတ်တွေက ချစ်သူအသစ်ထားစေချင်ြ ကတာဖြစ်ပြီးဒီနေ့မှာတော့ ” အပြုံးတွေ ပြန်လည်ရှင်သန်ခွင့်ပေးတဲ့ အတွက် ကျေးဇူးပါ။ 🍓 ” ဟုဆိုတဲစြာလေးနဲ့သူမရဲ့ လူမှုကွန်ရက်စညမျက်နှာမှာ ဖော်ပြခဲ့တာကြောင့် ပရိသတ်တွေကတော့ ပန်ကိတ်ဒါဒါတစ်ယောက်ချစ်သူရ​နပေမယ့် ပရိသတ်တွေကို လျှိုထားတာလားလို့ မှတ်ချက်တွေပေးနေကြတာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit -CeleKhitThit