ချစ်တဲ့မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်စွွာဖြတ်သန်းရင်း အသက်(၃၆)နှစ်ပြည့်သွားပြီဖြစ်ကြောင်း ပြောပြလာတဲ့ ချမ်းချမ်း

Posted on

ချစ်တဲ့မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်စွွာဖြတ်သန်းရင်း အသက်(၃၆)နှစ်ပြည့်သွားပြီဖြစ်ကြောင်း ပြောပြလာတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိ ထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာ ရရှိထားတဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ် တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အချစ်သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်းစိတ်ခံ စားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့ သူတစ်ယောက်ပါ။ အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင် နေတာဖြစ်ပါတယ်။အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခု လက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူ တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်ကူညီ နေတာဖြစ်ပါတယ်။

ချမ်းချမ်းကတော့ခုလက်ရှိမှာ အီတလီနိုင်ငံမှာ ချစ်ရတဲ့သူနဲ့အတူ သမီးလေးတွေနဲ့ပါ အတူတကွနေထိုင်နေတာဖြစ်ပါတယ်။ ချမ်းချမ်း ကတော့ တတိယသမီးလေးကိုလဲ မွေးဖွားထားတာဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ ၂ ရက်လောက်ကမှ သူမယောက်ျားရဲ့မွေးနေ့ဖြစ်ပြီး ဒီကနေ့မှာ တော့ သူရဲ့မွေးနေ့ကိုကျရောက်လာတာဘဲဖြစ်ပါတယ်။ ချမ်းချမ်း ကတော့ ‘Today is my birthday ❤❤❤ heading a year full of strength and happiness thank you for The best wishes ,love and kisses from my fans and family SCAM!love you all 2 မီဒီနေ့ကျမရဲ့မွေးနေ့လေးမှာ ဆုမွန်ကောင်း တောင်းပေးကြံတဲ့တစ်ယောက်ခြင်းဆီကိုကျေးဇူးတင်ပါတယ်

အေးချမ်းစွာနေထိုင်ခွင့်ပေးလို့ ဘုရားကိုကျေးဇူးအထူးတင်ပါတယ် လက်တွဲဖော်ကောင်းရယ် သမီးလေးတွေနဲ့ဘဝမို့ အရာရာဟာ နေ့ တိုင်းဟာ blessings အပြည့်ပါပဲ အဖေနဲ့ အမေကိုလဲ ဒီကနေ ကန်တော့ပါတယ် ……မွေးကျေးဇူးကျွေးကျေးဇူးတွေ အတွက် အမြဲ ထာဝရ ရှိခိုးကန်တော့လျက်ပါ………” လို့မျှဝေလာတာဖြစ်ပါတယ်။ ချမ်းချမ်းကတော့ ကျေးဇူးသိတတ်လွန်းတဲ့သမီးလေးတစ်ယောက်လဲ ဖြစ်သလို သမီးတွေအပေါ်မှာလဲ လိုလေးသေးမရှိကောင်းပေးသူလဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရေ ချမ်းချမ်း အတွက် မွေးနေ့ ဆုတောင်းပေးသွားပါအုန်းနော်။

Credit;

ချစ်တဲ့မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရင်း အသက်(၃၆)နှစ်ပြည့်သွားပြီဖြစ်ကြောင်း ပြောပြလာတဲ့ ချမ်းချမ်း




Credit;