unicode
ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းဖြစ်သူရယ်၊ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးရယ်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း ကံကောင်းမှုတွေရှိတဲ့ သက်မွန်မြင့်က သားသမီးတွေ ပိုင်ဆိုင်လာချိန်မှာလည်း သူမအပေါ် အရမ်းချစ်ပြီး သိတတ်လိမ္မာတဲ့ သားသမီးလေးတွေဖြစ်တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်..။
မျိုးရိုးစဉ်ဆက်အရ ခန္ဓာကိုယ် ဖွံံ့ဖွံ့ထွားထွား နဲ့ အရပ်အမောင်ဒေါင်ကောင်းကောင်းလည်းရှိတဲ့ မင်းသမီး သက်မွန်မြင့်က ဒီကနေ့မှာတော့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သတ်ပြီး “ လွန်ခဲ့တဲ့ ၈ နှစ်ကပုံ တက်လာတော့ ကိုယ့်ကိုကိုယ်တောင် တော်တော်သနားသွားတယ်။ အရိုးတွေပေါ့😂😂😂 ဒါမယ့် အဲ့တုန်းကလည်း ဝလို့တဲ့ အငတ်တွေခံရတာ ခံရတာဆိုတာ မသက်သာလိုက်တာများ.. တစ်သက်လုံးကို ပိန်တယ် မဝဘူးဆိုတဲ့ခံစားမှုကို မရခဲ့ဖူးတာ ဝဋ်ကြွေးလေလားနော် 😅😅😅 ” ဆိုပြီး ပြောပြလာပါတယ်..။
မင်းသမီး သက်မွန်မြင့်ကတော့ အိမ်ထောင်ကျပြီး ကလေးမွေးပြီးသွားချိန်မှာလည်း သိသိသာသာဝသွားခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်ဖြစ်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုလည်း တတ်နိုင်သလောက် လျှော့ချခဲ့တာပဲ ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် ချစ်တဲ့ ပရိသတ်တွေကတော့ သက်မွန်မြင့်ဆိုတဲ့ ဖြစ်တည်မှုလေးကိုပဲ ချစ်ကြတာမို့ ပိန်ခြင်း၊ ဝခြင်းက အဓိကမကျပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Source: Thet Mon Myint’s fb
Bilie – Cele Connections