Source :XBox
ချစ်လှစွာသော ပရိသတ်ကြီးရေ Hip Hop အဆိုတော် X-Box ကတော့ Single Song တစ်ပုဒ်ထွက်လာတိုင်း ပရိသတ်ပါးစပ်ဖျားမှာစွဲအောင် ရေးစပ်သီဆိုနိုင်တဲ့ပါရမီအပြည့်ရှိတာကြောင့် X Boxin ဆိုတဲ့ နာမည်ကိုပရိသတ်တွေ အသည်းစွဲ ဖြစ်လာစေတဲ့လျှို့ဝှက်ချက်ပါပဲနော်။ X Box ကတော့ ရွှေထူး၊ ထက်ယံ ၊Lilz တို့ပါဝင်တဲ့ 4four (4reunion) အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ် ပရိ သတ်ကြီးရေ..။
တစ်​ကိုယ်တော်သီချင်းခွေတွေထွက်ရှိလာခဲ့ပြီး မိန်းကလေးပရိသတ်တွေသည်းသည်းလှုပ် အားပေးနားဆင်ခဲ့ကြတဲ့အပြင် သူ့ရဲ့ပရိသတ်တွေထဲမှာ ယောကျာ်းလေးပရိသတ်တွေလည်း အခိုင်အမာကိုရှိနေတဲ့ အဆိုတော်တစ်ဦးပါ။သီချင်းအသစ်တွေလည်း တစ်ခါထွက်လာတိုင်းပရိသတ်တွေ အကြိုက်တွေ့ကာ အားပေးရတဲ့အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်နော်..။
ဒီနေ့မှာတော့ “ ကလေးဘဝအိပ်မက်တစ်ခုဖြစ်လာပါပြီ ✌🏽 ” ဟုဆိုတဲ့စာလေးနဲ့ ကလေးဘဝထဲက အရမ်းကြိုက်ခဲ့ရတဲ့အဆိုတော်ကြီးတစ်ဦးနဲ့ သီချင်းတစ်ပုဒ်ဆိုဖို့ရှိပါတယ်ခင်ဗျာ ဆိုပြီး ပရိသတ်တွေကိူ သတင်းကောင်း ပြောပြလာခဲ့တာပါ။အတူသီဆိုမယ့် အဆိုတော်ကြီးကဘယ်သူဖြစ်မလဲဆို​တာတော့ ပြောပြထားခြင်းမရှိပါဘူးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit – CeleKhitThit