ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ လူငယ္ႀကိဳက္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္ G Fatt က Rap သီခ်င္းေတြကို ကိုယ္တိုင္ေရး၊ ကိုယ္တိုင္ဆိုရင္းနဲ႔ ေက်ာ္ ၾကားလာသူတစ္ေယာက္ပဲ ျဖစ္ပါတယ္ ။ G Fatt က ပရိသတ္ခံစားခ်က္နဲ့ တိုက္ဆုိင္တဲ့ သီခ်င္းေတြကို အဆက္မျပတ္ ဖန္တီးေနၿပီး အယ္လ္ဘမ္အသစ္ေတြကိုလည္း ထြက္ရွိဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ သီခ်င္းဆိုေကာင္းတဲ့အျပင္ စိတ္ထားေကာင္းျပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ G Fatt က ပရိသတ္ေတြၾကားထဲမွာ အခ်စ္ခံရဆံုး အနုပညာရွင္တစ္ေယာက္ပဲ ျဖစ္သလို အနုပညာရွင္ အခ်င္းခ်င္းကလည္း ခ်စ္ခင္ျခင္းခံရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္..။

အထူးသျဖင့္ G Family ထဲက အဆိုေတာ္ ျဖိဳးေလးနဲ့ ညီအစ္ကိုေတြလို ခင္မင္ရင္းနွီးတဲ့ G Fatt က ျဖိဳးေလးတို့အိမ္ကို အျမဲတမ္းဝင္ထြက္သြားလာ တတ္သူတစ္ ေယာက္ျဖစ္ပါ တယ္။ ဒီကေန့မွာလည္း G Fatt က ျဖိဳးေလးနဲ့ ဝါဆိုမိုးဦးတို့အိမ္ကို စားအိမ္ေသာက္အိမ္လို သေဘာထားျပီး ဝင္ထြက္စားေသာက္ေနမိတဲ့သူ့အျဖစ္သူ “ ညစာလည္း ကိုျဖိဳးေလး အိမ္.. မနက္စာလည္း ကိုျဖိဳးေလးအိမ္ ျဖစ္သြားတယ္.. ေနာက္လည္းအလုပ္ေတြျပီးရင္ အခုလိုလာစားပါဦးမယ္ ” ဟုဆိုျပီး ျဖိဳးေလးနဲ့ ဝါဆိုမိုးဦးကို စေနာက္ထားပါတယ္..။

အဆိုေတာ္ ျဖိဳးေလးနဲ့ သ႐ုပ္ေဆာင္ ဝါဆိုမိုးဦးတို့ကလည္း G Fatt ကို ေမာင္နွမသဖြယ္ ခင္မင္ရင္းနွီးၾကသလို G Fatt ကလည္း ျဖိဳးေလးကို သူ့ရဲ့အစ္ကိုတစ္ေယာက္လုိ ဝါဆိုမိုးဦးကို သူ့ရဲ့ညီမေလးတစ္ေယာက္လို ခင္မင္ရင္းနွီးၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏို င္ၾက ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source: G Fatt ‘s fb

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ လူငယ်ကြိုက် အဆိုတော်တစ်ယောက်ဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် G Fatt က Rap သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုရင်းနဲ့ ကျော် ကြားလာသူတစ်ယောက်ပဲ ဖြစ်ပါတယ် ။ G Fatt က ပရိသတ်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းတွေကို အဆက်မပြတ် ဖန်တီးနေပြီး အယ်လ်ဘမ်အသစ်တွေကိုလည်း ထွက်ရှိဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းတဲ့အပြင် စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ G Fatt က ပရိသတ်တွေကြားထဲမှာ အချစ်ခံရဆုံး အနုပညာရှင်တစ်ယောက်ပဲ ဖြစ်သလို အနုပညာရှင် အချင်းချင်းကလည်း ချစ်ခင်ခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်..။

အထူးသဖြင့် G Family ထဲက အဆိုတော် ဖြိုးလေးနဲ့ ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးတဲ့ G Fatt က ဖြိုးလေးတို့အိမ်ကို အမြဲတမ်းဝင်ထွက်သွားလာ တတ်သူတစ် ယောက်ဖြစ်ပါ တယ်။ ဒီကနေ့မှာလည်း G Fatt က ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့အိမ်ကို စားအိမ်သောက်အိမ်လို သဘောထားပြီး ဝင်ထွက်စားသောက်နေမိတဲ့သူ့အဖြစ်သူ “ ညစာလည်း ကိုဖြိုးလေး အိမ်.. မနက်စာလည်း ကိုဖြိုးလေးအိမ် ဖြစ်သွားတယ်.. နောက်လည်းအလုပ်တွေပြီးရင် အခုလိုလာစားပါဦးမယ် ” ဟုဆိုပြီး ဖြိုးလေးနဲ့ ဝါဆိုမိုးဦးကို စနောက်ထားပါတယ်..။

အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ကလည်း G Fatt ကို မောင်နှမသဖွယ် ခင်မင်ရင်းနှီးကြသလို G Fatt ကလည်း ဖြိုးလေးကို သူ့ရဲ့အစ်ကိုတစ်ယောက်လို ဝါဆိုမိုးဦးကို သူ့ရဲ့ညီမလေးတစ်ယောက်လို ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နို င်ကြ ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections