


Credit – Cele Zone
Photo – Nyi Nyi Maungဲ

လူတိုင်းဟာ ချစ်ခြင်းတရားတွေနဲ့ထိုက် တန်ပါတယ်…။ LGBT တွေဟာလည်း အပြန်အလှန် မေတ္တာပေးနိုင်တဲ့သူအချင်းချင်း လွတ်လပ်စွာချစ်ခွင့်ရှိကြပါတယ်…။ သုသုကတော့ သူမကို တန်ဖိုးထားပြီးချစ်ခင်တဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပါပြီ….။ လက်တွဲလာတဲ့ သက်တမ်းတစ်လျှောက်မှာလည်း ကတောက်ကစလေးတွေ ရှိခဲ့ပေမယ့် လက်တွဲမဖြုတ်ဘဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ ့ချစ်မြဲချစ်နေဆဲပါပဲ…။

ကိုယ့်အလုပ်အပေါ်မှာစေတနာထားရုံတင်မကဘဲ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာ လည်းစိတ်ကောင်းထားလို့ သုသုကိုလည်း မေတ္တာစစ်ပေးတဲ့သူနဲ့ဆုံဆည်းနိုင်ခဲ့တာပါ….။ အလှူလေးတွေလည်းမကြာခဏလုပ်သလို ကာလဒါနလေးတွေလည်း လုပ်တတ်ပါသေးတယ်…။ စိတ်ကောက်နေတဲ့သုသုအတွက် ချစ်သူရဲ့ချော့နည်းချော့ဟာတကယ့်ကို ရိုဆန်လွန်းပါတယ်…။

ချစ်သူပေးတဲ့ရိုဆန်ဆန်ပိုက်ဆံပန်းစည်းလေးနဲ့ဓာတ်ဖမ်းထား တဲ့ပုံရိပ်လေးတွေကို ” စိတ်ကောက်တာတောင် အပြည့်အဝ မကောက်ရဲဘူး အချော့မခံရဘဲ ပစ်ထားခဲ့မှာဆိုးလို့ ချော့တော့လည်း ဒါမျိုး ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်…။ တစ်သက်လုံး ပျော်ရွှင်ပါစေ သုသုရေ။

Credit – Cele Zone
Photo – Nyi Nyi Maungဲ