စိတ်ဒဏ်ရာပေးတတ်တဲ့ မိဘမျိုးကိုရရှိထားလို့ သူမကိုယ်တိုင်မိဘနေရာရောက်ရင် ဘယ်လိုအရာတွေပေးမလဲဆိုတာ ပြောပြလာတဲ့ ပက်ထရစ်ရှာ

Posted on

စိတ်ဒဏ်ရာပေးတတ်တဲ့ မိဘမျိုးကိုရရှိထားလို့ သူမကိုယ်တိုင်မိဘနေရာရောက်ရင် ဘယ်လိုအရာတွေပေးမလဲဆိုတာ ပြောပြလာတဲ့ ပက်ထရစ်ရှာ

ပရိသတ်ကြီးရေ.. ပတ်ထရစ်ရှာ လို့ ခေါ်တဲ့ မင်းသမီးချောလေး စူးရှနိုင် ကတော့ နာမည် လေးနဲ့လိုက်အောင် လှပထက်မြက်တဲ့ ကိုယ်ရည်ကိုယ် သွေးတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရုပ်ရည်လှပမှု ကို ရရှိထားပေမယ့် စိတ်ချမ်းသာမှုအပြည့်အဝမရတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့တဲ့ ပတ်ထရစ်ရှာက သူမ အနေနဲ့ သူမကိုယ်တိုင် မိဘတွေကြောင့် စိတ်ဒဏ်ရာ တွေရရှိခဲ့သလို သူမသာ မိဘဖြစ်လာခဲ့ရင် အဲ့လိုအဖြစ် မျိုး လုံးဝအဖြစ်မခံဘူးလို့ ပြောလာခဲ့ပါတယ်။

ပတ်ထရစ်ရှာက သူမရဲ့ ဖေ့စ်ဘုတ်စာမှာ သားသမီးကို သောကပေးတဲ့ မိဘတွေနဲ့ပတ်သက်ပြီး ရေးသားခဲ့ရာ လူတစ်ယောက်က “ကိုယ်တိုင်မိဘနေရာရောက်ရင် သိ ပါလိမ့်မယ်” လို့ ကောမန့်ပေးခဲ့ရာ ပတ်ထရစ်ရှာက “ကိုယ်တိုင် မိဘနေရာရောက်ရင် ဘာသိမှာလဲရှင့်။ ငါပဲ နင်တို့အမှားကိုထောက်ပြခွင့်ရှိတယ် ငါကအမြဲမှန်တယ် ငါဘယ်တော့မှမမှားဘူးဆိုပြီး အတ္တကြီးဖို့လား။ သူများ ကိုသာ လက်ညှိုးထိုး အပြစ်တင်တတ်ပြီး ကိုယ့် အလှည့်ကျ မဖြစ်သင့်တာမဖြစ်အောင် နည်းနည်းလေး မှ အပြုသဘောနဲ့တောင် အပြုပြင်မခံနိုင်အောင် တစ်ကိုယ်ကောင်းဆန်ဖို့လား လူတစ်ယောက်ရဲ့ဘဝတစ် ခုလုံးကို control လုပ်ဖို့လား။ သူများကို လူ့ဘဝထဲကို ခေါ်လာပြီး Physical abuse mental abuse တွေလုပ်ဖို့ လား။

ကိုယ်စိတ်မကြည်ရင် မကြည်သလို ကြမ်း ကြမ်းတမ်းတမ်း abusive ဖြစ်ဖို့လား။ သားသမီးချင်းပဲ ယှဉ်ပြီး မိဘချင်းကျတော့ဘယ်တော့မှ မယှဉ်တဲ့ တစ်ဖက်သက်ဖြစ်ဖို့လား။ သေချာတာတော့ ကျမ ဒီ trauma bond ထဲက escape ဖြစ်ပြီး ready ဖြစ်ခဲ့လို့ ကလေးတွေရလာခဲ့ရင် ကျမကလေးတွေအတွက် narcissist မိဘ toxic မိဘလုံးဝအဖြစ်မခံဘူး။ ကျမကလေးတွေကို ကျမကြုံတွေ့ခဲ့ရတဲ့ drama တွေ ခံစားခဲ့ ရတဲ့ trauma တွေလုံးဝပြန်မပေးဘူး။ ကျမ မရခဲ့တဲ့ freedom တွေ affection တွေပဲပေးမယ်။ အလကားနေ ငါမိဘ နင်သားသမီးဆိုတာမျိုးနဲ့ မခြိမ်းခြောက်ပဲ မှား တာ မှန်တာကိုလည်း လွပ်လပ်စွာ ရှင်းပြခွင့်ပြောဆိုခွင့် ပေးမယ်။ ကလေးတွေကို လူ့လောကမှာ ရဲရဲရင့်ရင့်နဲ့ ဖြတ်သန်းနိုင်အောင် ပျိုးထောင်မယ်။ ကျမဘက်က ဒါ တွေအတွက် ready မဖြစ်သေးပဲနဲ့တော့ ကလေးကိုလူ လောကထဲခေါ် ပြီး မ နှိ-ပ် စ-က် ဘူး ဒုက္ခမပေးဘူး။ ဒီ ဒီ trauma cycle ထဲက ကိုယ့်ကိုကိုယ်မထွက်နိုင်တော့ဘူး ထင်ရင်လည်း ကလေးမမွေးတော့ဘူးလို့ ဆုံးဖြတ်ထား ပါတယ်ရှင့်” ဆိုပြီး ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်ခဲ့ပါ တယ်။

ပတ်ထရစ်ရှာကတော့ သူမအနေနဲ့ လွတ်လပ်မှုတွေကြင်နာမှုတွေကို သူမရဲ့ မျိုးဆက်သစ်တွေကို ပေးမယ် လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါတွေအတွက် အဆင်သင့်မဖြစ်သေးရင်တော့ သူမအနေနဲ့ ကလေး တစ်ယောက်ကို လူ့လောကထဲခေါ်လာမှာမဟုတ်ဘူးလို့ လည်းပြောလာခဲ့ပါတယ်။

Credit;

စိတ္ဒဏ္ရာေပးတတ္တဲ့ မိဘမ်ိဳးကိုရရွိထားလို႔ သူမကိုယ္တိုင္မိဘေနရာေရာက္ရင္ ဘယ္လိုအရာေတြေပးမလဲဆိုတာ ေျပာျပလာတဲ့ ပက္ထရစ္ရွာ

ပရိသတ္ႀကီးေရ.. ပတ္ထရစ္ရွာ လို႔ ေခၚတဲ့ မင္းသမီးေခ်ာေလး စူးရွနိုင္ ကေတာ့ နာမည္ ေလးနဲ႔လိုက္ေအာင္ လွပထက္ျမက္တဲ့ ကိုယ္ရည္ကိုယ္ ေသြးေတြကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ႐ုပ္ရည္လွပမႈ ကို ရရွိထားေပမယ့္ စိတ္ခ်မ္းသာမႈအျပည့္အဝမရတဲ့ မိသားစုမွာ ႀကီးျပင္းလာခဲ့တဲ့ ပတ္ထရစ္ရွာက သူမ အေနနဲ႔ သူမကိုယ္တိုင္ မိဘေတြေၾကာင့္ စိတ္ဒဏ္ရာ ေတြရရွိခဲ့သလို သူမသာ မိဘျဖစ္လာခဲ့ရင္ အဲ့လိုအျဖစ္ မ်ိဳး လုံးဝအျဖစ္မခံဘူးလို႔ ေျပာလာခဲ့ပါတယ္။

ပတ္ထရစ္ရွာက သူမရဲ့ ေဖ့စ္ဘုတ္စာမွာ သားသမီးကို ေသာကေပးတဲ့ မိဘေတြနဲ႔ပတ္သက္ၿပီး ေရးသားခဲ့ရာ လူတစ္ေယာက္က “ကိုယ္တိုင္မိဘေနရာေရာက္ရင္ သိ ပါလိမ့္မယ္” လို႔ ေကာမန႔္ေပးခဲ့ရာ ပတ္ထရစ္ရွာက “ကိုယ္တိုင္ မိဘေနရာေရာက္ရင္ ဘာသိမွာလဲရွင့္။ ငါပဲ နင္တို႔အမွားကိုေထာက္ျပခြင့္ရွိတယ္ ငါကအျမဲမွန္တယ္ ငါဘယ္ေတာ့မွမမွားဘူးဆိုၿပီး အတၱႀကီးဖို႔လား။ သူမ်ား ကိုသာ လက္ညႇိုးထိုး အျပစ္တင္တတ္ၿပီး ကိုယ့္ အလွည့္က် မျဖစ္သင့္တာမျဖစ္ေအာင္ နည္းနည္းေလး မွ အျပဳသေဘာနဲ႔ေတာင္ အျပဳျပင္မခံနိုင္ေအာင္ တစ္ကိုယ္ေကာင္းဆန္ဖို႔လား လူတစ္ေယာက္ရဲ့ဘဝတစ္ ခုလုံးကို control လုပ္ဖို႔လား။ သူမ်ားကို လူ႔ဘဝထဲကို ေခၚလာၿပီး Physical abuse mental abuse ေတြလုပ္ဖို႔ လား။

ကိုယ္စိတ္မၾကည္ရင္ မၾကည္သလို ၾကမ္း ၾကမ္းတမ္းတမ္း abusive ျဖစ္ဖို႔လား။ သားသမီးခ်င္းပဲ ယွဥ္ၿပီး မိဘခ်င္းက်ေတာ့ဘယ္ေတာ့မွ မယွဥ္တဲ့ တစ္ဖက္သက္ျဖစ္ဖို႔လား။ ေသခ်ာတာေတာ့ က်မ ဒီ trauma bond ထဲက escape ျဖစ္ၿပီး ready ျဖစ္ခဲ့လို႔ ကေလးေတြရလာခဲ့ရင္ က်မကေလးေတြအတြက္ narcissist မိဘ toxic မိဘလုံးဝအျဖစ္မခံဘူး။ က်မကေလးေတြကို က်မၾကဳံေတြ႕ခဲ့ရတဲ့ drama ေတြ ခံစားခဲ့ ရတဲ့ trauma ေတြလုံးဝျပန္မေပးဘူး။ က်မ မရခဲ့တဲ့ freedom ေတြ affection ေတြပဲေပးမယ္။ အလကားေန ငါမိဘ နင္သားသမီးဆိုတာမ်ိဳးနဲ႔ မၿခိမ္းေျခာက္ပဲ မွား တာ မွန္တာကိုလည္း လြပ္လပ္စြာ ရွင္းျပခြင့္ေျပာဆိုခြင့္ ေပးမယ္။ ကေလးေတြကို လူ႔ေလာကမွာ ရဲရဲရင့္ရင့္နဲ႔ ျဖတ္သန္းနိုင္ေအာင္ ပ်ိဳးေထာင္မယ္။ က်မဘက္က ဒါ ေတြအတြက္ ready မျဖစ္ေသးပဲနဲ႔ေတာ့ ကေလးကိုလူ ေလာကထဲေခၚ ၿပီး မ ႏွိ-ပ္ စ-က္ ဘူး ဒုကၡမေပးဘူး။ ဒီ ဒီ trauma cycle ထဲက ကိုယ့္ကိုကိုယ္မထြက္နိုင္ေတာ့ဘူး ထင္ရင္လည္း ကေလးမေမြးေတာ့ဘူးလို႔ ဆုံးျဖတ္ထား ပါတယ္ရွင့္” ဆိုၿပီး ယဥ္ေက်းစြာ ျပန္လည္တုံ႔ျပန္ခဲ့ပါ တယ္။

ပတ္ထရစ္ရွာကေတာ့ သူမအေနနဲ႔ လြတ္လပ္မႈေတြၾကင္နာမႈေတြကို သူမရဲ့ မ်ိဳးဆက္သစ္ေတြကို ေပးမယ္ လို႔ ေျပာလာခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒါေတြအတြက္ အဆင္သင့္မျဖစ္ေသးရင္ေတာ့ သူမအေနနဲ႔ ကေလး တစ္ေယာက္ကို လူ႔ေလာကထဲေခၚလာမွာမဟုတ္ဘူးလို႔ လည္းေျပာလာခဲ့ပါတယ္။

Credit;