ပြည်သူချစ် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ အမြောက်အများရို က်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ အရမ်းကို ရေပန်းစား နာမည်ကြီးနေသူလေးအဖြစ် အရင်က ထက်တောင် ပိုမိုအောင်မြင်လာတာ ဖြစ်ပါတယ်။ အမြဲတမ်း လိုလို အလန်းစားဖက်ရှင်တွေနဲ့ အပြတ်အသတ်ဂေါ်နေတတ်တဲ့ သင်ဇာဝင့်ကျော်က အားလုံးရဲ့စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံနေရတာလည်း ဖြစ်ပါတယ်..။

သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ကိုဗစ်ကာလဖြစ်တာကြောင့် ရပ်နားထားရတာဖြစ်ပြီး ယခုကာလသူမရဲ့ စီးပွားရေးအခြေအနေကိုတော့ “ ဝင်ငွေ မရှိဘူး ၊ ထွက်ငွေတွေချည်းပဲဆိုတော့ ဒါက သိတဲ့ အတိုင်းပဲ ထွေထွေ ထူးထူး ပြောနေဖို့မလိုပါဘူး ၊တောင်းစားမရရုံတ မယ်ပါပဲ “ လို့ ဆိုလာခဲ့တာဖြစ်ပါတယ်..။

ကိုဗစ်ကာလမှာ အနုပညာလုပ်ငန်းတွေနားထားရတာကြောင့် အနုပညာရှင်တော်တော်များများ အွန်လိုင်းကနေတဆင့် အစားအသောက်ရောင်းချခြင်းများ live sale များပြုလုပ်လာကြတဲ့အပေါ် မင်းသမီး သင်ဇာဝင့်ကျော်က သူမရဲ့ အမြင်ကို အခုလိုပြောပါ တယ်..။

“ ကောင်းတာပေါ့ လူတွေဆိုတာကလေ ဘယ်လောက်ပဲ အခက်အခဲ ကြုံနေ ကြုံနေ နောက်ဆုံးမရရတဲ့ နည်းနဲ့ လုပ်ကြရတယ်ဆိုတာ ဒီကိုဗစ်ကာလမှာပေါ်လာတာပဲ အစကတော့ ဒီလိုမျိုးကြီးဖြစ်လို့ ဘယ်လို အလုပ်လုပ်ကြမလဲ မသိဘူး စဉ်းစား တာပေါ့ ..

နောက်တော့လည်း လုပ်လို့ဖြစ်နေတာပဲလေ .. ဘာပဲဖြစ်ဖြစ် လူဆိုတဲ့အရာက ဘယ်လောက်ပဲ အခက်အခဲရှိရှိ ဒါကို ရအောင်ကျော်ဖြတ်နိုင်တယ်ဆိုတာ သင်ဇာ သိလိုက်တယ် .. အဲ့ဒီအတွက်အကြောင့်လည်းအခု ရောဂါ ဘယ်လိုပဲ ပျံ့နှံပစေ ဒါကြီးကို ကိုယ်တွေ တိုက်ထုတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ ရှေ့ဆက်နေ ရတာပေါ့ “ လို့ သူမကဆိုလာခဲ့တာဖြစ်ပါတယ်..။

“ ၂၀၂၀ မှာ ဘာတွေပြောင်းလဲ လာသလဲဆိုရင် အသက် တစ်နှစ်ပိုကြီးသွားတယ် ၊ အိမ်ထဲမှာနေရတာ ကြာလို့ အသားတွေ ပိုဖြူလာတယ် ၊ ပြီးတော့ ဝင်ငွေ မရှိဘူး ၊ ထွက်ငွေတွေချည်းပဲဆိုတော့ ဒါက သိတဲ့ အတိုင်းပဲ ထွေထွေ ထူးထူး ပြောနေဖို့မလိုပါဘူး ၊တောင်းစားမရရုံတမယ်ပါပဲ “ လို့လည်း သူမကဆိုပါတယ် ဒါ့အပြင် ကိုဗစ်ကာလကြီးလွန်မြောက်သွားပါက ခရီးတွေထွက်မည့်အပြင် မနားရရင်နေပါစေ လုပ်ချင်တဲ့အရာတွေအကုန်လုံး တန်းစီပြီး လုပ်ပစ်မှာ လို့လည်း ဆက်လက်ပြောပြသွားခဲ့ပါသေး တယ်..။

သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ယခုကိုဗစ်ကာမှာ သူမအနေနဲ့ ဝင်ငွေကင်းမဲ့နေတဲ့အကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် သင်ဇာ့ရဲ့ ပြောဆိုမှု အပေါ် ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောခဲ့ကြပါအုန်းနော်..။

Credit ; (Shwe Yaung Myanmar)