ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ ႏိုင္ငံေက်ာ္ မင္းသားေခ်ာ စြမ္းဇာနည္ကေတာ့ ဇာတ္သဘင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ၿပီး ဗီဒီယို ဇာတ္ကား ေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ အားေပးသူပရိသတ္ အခိုင္အမာရရွိၿပီးသား စြမ္းဇာနည္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြက လူမႈေရးျပႆနာ အခ်ိဳ႕နဲ႔ က်န္းမာေရးအေျခအေနေၾကာင့္ အလုပ္ေတြလုပ္ကိုင္တာ နည္းပါးသြားေပမယ့္ လက္ရွိမွာေတာ့ အရင္အတိုင္း အလုပ္ေတြကို ျပန္လည္လုပ္ကိုင္လာခဲ့ၿပီ ျဖစ္ပါတယ္။ စြမ္းဇာနည္ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကလည္း မင္းသားေခ်ာေလး စြမ္းဇာနည္ရဲ႕ ပ်က္ကြက္မႈေတြကို ေမတၱာနဲ႔ နားလည္ေပးၾကၿပီး အရင္အတိုင္း ခ်စ္ေပး၊ အားေပးၾကဆဲ ျဖစ္ပါတယ္..။

လက္ရွိမွာေတာ့ မင္းသားေခ်ာ စြမ္းဇာနည္က ႐ုပ္သံလိုင္းတစ္ခုက ထုတ္လႊင့္ျပသမယ့္ သူ႔ရဲ႕ေဖ်ာ္ေျဖပြဲအတြက္ ႐ိုက္ကူးေရးေတြျပဳလုပ္ေနရၿပီး ဇာတ္မင္းသားတစ္ ေယာက္ပီပီ ဝတ္စုံ၊ မိတ္ကပ္အျပည့္နဲ႔ ႀကိဳးစားတင္ဆက္ေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ စြမ္းဇာနည္ရဲ႕ မိတ္ကပ္မ်က္ႏွာနဲ႔ ပုံရိပ္ဟာ Troller ေတြၾကားထဲပ်ံ႕ႏွံ႔ ေနၿပီး စေနာက္ခံေနရတာေၾကာင့္ စြမ္းဇာနည္ရဲ႕ ခ်စ္သူမိန္းကေလးက “ မိန္းမေခ်ာေခ်ာေနတာကို ဘာျဖစ္ေနၾကတာလဲ ” ဟုဆိုၿပီး တစ္ခြန္းတည္းေျပာၿပီး တုံ႔ျပန္လာတာကို ေတြ႕ရပါတယ္..။

ႏိုင္ငံေက်ာ္မင္းသားေခ်ာေလး စြမ္းဇာနည္ရဲ႕ ခ်စ္သူမိန္းကေလးကေတာ့ စြမ္းဇာနည္ရဲ႕ အေကာင္းအဆိုးမွန္သမွ်ကို ပါရမီျဖည့္ေပးခဲ့သူျဖစ္ၿပီး စြမ္းဇာနည္အတြက္ မရွိမျဖစ္လို႔ေတာင္ဆိုႏိုင္ပါတယ္။ ပရိသတ္ႀကီးလည္း ခ်စ္သူကို ေစာ္ကားသလို ဝိုင္း Troll ေနၾကသူေတြကို တုံ႔ျပန္လာတဲ့ စြမ္းဇာနည္ရဲ႕ မိန္းကေလးအေပၚ နားလည္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source: Hnin Wutt Yi Aung’s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ နိုင်ငံကျော် မင်းသားချော စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ဗီဒီယို ဇာတ်ကား တွေမှာလည်း သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာရရှိပြီးသား စွမ်းဇာနည်ကတော့ ပြီးခဲ့တဲ့နှစ်တွေက လူမှုရေးပြဿနာ အချို့နဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားပေမယ့် လက်ရှိမှာတော့ အရင်အတိုင်း အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ စွမ်းဇာနည်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း မင်းသားချောလေး စွမ်းဇာနည်ရဲ့ ပျက်ကွက်မှုတွေကို မေတ္တာနဲ့ နားလည်ပေးကြပြီး အရင်အတိုင်း ချစ်ပေး၊ အားပေးကြဆဲ ဖြစ်ပါတယ်..။

လက်ရှိမှာတော့ မင်းသားချော စွမ်းဇာနည်က ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသမယ့် သူ့ရဲ့ဖျော်ဖြေပွဲအတွက် ရိုက်ကူးရေးတွေပြုလုပ်နေရပြီး ဇာတ်မင်းသားတစ် ယောက်ပီပီ ဝတ်စုံ၊ မိတ်ကပ်အပြည့်နဲ့ ကြိုးစားတင်ဆက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဇာနည်ရဲ့ မိတ်ကပ်မျက်နှာနဲ့ ပုံရိပ်ဟာ Troller တွေကြားထဲပျံ့နှံ့ နေပြီး စနောက်ခံနေရတာကြောင့် စွမ်းဇာနည်ရဲ့ ချစ်သူမိန်းကလေးက “ မိန်းမချောချောနေတာကို ဘာဖြစ်နေကြတာလဲ ” ဟုဆိုပြီး တစ်ခွန်းတည်းပြောပြီး တုံ့ပြန်လာတာကို တွေ့ရပါတယ်..။

နိုင်ငံကျော်မင်းသားချောလေး စွမ်းဇာနည်ရဲ့ ချစ်သူမိန်းကလေးကတော့ စွမ်းဇာနည်ရဲ့ အကောင်းအဆိုးမှန်သမျှကို ပါရမီဖြည့်ပေးခဲ့သူဖြစ်ပြီး စွမ်းဇာနည်အတွက် မရှိမဖြစ်လို့တောင်ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သူကို စော်ကားသလို ဝိုင်း Troll နေကြသူတွေကို တုံ့ပြန်လာတဲ့ စွမ်းဇာနည်ရဲ့ မိန်းကလေးအပေါ် နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit : Cele Connections