ခ်စ္ပရိသတ္ႀကီးေရ တည္ၾကည္တဲ့ ရုပ္သြင္နဲ့ အမုိက္စား ခႏၶာကိုယ္အခ်ိဳးအစားတုိ့ကို ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေအာင္ရဲလင္းကေတာ့ မိန္းကေလးပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ေအာင္ရဲလင္းကေတာ့ လက္ရိွမွာ အသက္သံုးဆယ္ေက်ာ္အရြယ္ကို ေရာက္ရိွေနျပီဆိုေပမယ့္ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္း လူပ်ိဳၾကီးအျဖစ္ ေအးေအးေဆးေဆးေနထုိင္ေနဆဲ ျဖစ္ပါတယ္။ အနုပညာအလုပ္ေတြနဲ႔ အနည္းငယ္အလွမ္းေဝးသြားခဲ့တဲ့ ေအာင္ရဲလင္းက ဒီႏွစ္ပိုင္းမွာေတာ့ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းနဲ႔ ပုံမွန္လုပ္ကိုင္လာလ်က္ရွိတာကို ေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ ေအာင္ရဲလင္းတစ္ေယာက္ ေအာင္ျမင္ျခင္းရဲ့ ေနာက္ကြယ္မွာ သူ့ကို အစစအရာရာ ပံ့ပိုးေပးတဲ့ မိဘ၊ မန္ေနဂ်ာ၊ မိတ္ကပ္ဆရာ၊ ဒီဇုိင္နာ စတဲ့ ပုဂၢိဳလ္ေတြမ်ားစြာရိွတာပဲ ျဖစ္ပါတယ္။ဒီဇင္ဘာလ (၂၆) ရက္ေန့ကေတာ့ ေအာင္ရဲလင္းကို မိတ္ကပ္၊ ဆံပင္ အစရိွတာေတြကို တာဝန္ယူေဆာင္ရြက္ေပးေနတဲ့ အလွဖန္တီးရွင္ မထက္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေအာင္ရဲလင္းကလည္း သူ့ရဲ့ အနုပညာသက္တမ္းတစ္ေလွ်ာက္မွာ နံေဘးကေန လိုအပ္တာမွန္သမွ် ျဖည့္စည္းေပးေနတဲ့ မထက္ကို ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ မွတ္မွတ္ရရ ေမြးေန့ဆုေတာင္းေပးခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

သ႐ုပ္ေဆာင္ေအာင္ရဲလင္းနဲ့ မထက္တို့ကေတာ့ ဆယ္စုနွစ္ေက်ာ္တိုင္ လက္တြဲလာတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္သလို ေမာင္နွမေတြလုိ့ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။ ပရိသတ္ၾကီးကလည္း ေမြးေန့ရွင္ မထက္အတြက္ အမွတ္တရေမြးေန့ဆုေတာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္….။

Source: Aung Ye Lin’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ တည်ကြည်တဲ့ ရုပ်သွင်နဲ့ အမိုက်စား ခန္ဓာကိုယ်အချိုးအစားတို့ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မင်းသားချော အောင်ရဲလင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ အောင်ရဲလင်းကတော့ လက်ရှိမှာ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အေးအေးဆေးဆေးနေထိုင်နေဆဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးသွားခဲ့တဲ့ အောင်ရဲလင်းက ဒီနှစ်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်လာလျက်ရှိတာကို တွေ့ရပါတယ်။

 

 

သရုပ်ဆောင် အောင်ရဲလင်းတစ်ယောက် အောင်မြင်ခြင်းရဲ့ နောက်ကွယ်မှာ သူ့ကို အစစအရာရာ ပံ့ပိုးပေးတဲ့ မိဘ၊ မန်နေဂျာ၊ မိတ်ကပ်ဆရာ၊ ဒီဇိုင်နာ စတဲ့ ပုဂ္ဂိုလ်တွေများစွာရှိတာပဲ ဖြစ်ပါတယ်။ဒီဇင်ဘာလ (၂၆) ရက်နေ့ကတော့ အောင်ရဲလင်းကို မိတ်ကပ်၊ ဆံပင် အစရှိတာတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အလှဖန်တီးရှင် မထက်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အောင်ရဲလင်းကလည်း သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ နံဘေးကနေ လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးနေတဲ့ မထက်ကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မှတ်မှတ်ရရ မွေးနေ့ဆုတောင်းပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

သရုပ်ဆောင်အောင်ရဲလင်းနဲ့ မထက်တို့ကတော့ ဆယ်စုနှစ်ကျော်တိုင် လက်တွဲလာတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို မောင်နှမတွေလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ပရိသတ်ကြီးကလည်း မွေးနေ့ရှင် မထက်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Aung Ye Lin’s fb
Credit– Cele Connections