


Source: Khin Thazin’s fb

သရုပ်ဆောင် မင်းသမီး ခင်သဇင်ကတော့ လေယာဉ်မယ်တစ်ယောက်အဖြစ်ကနေ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း MV မှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းကောင်းမွန်တဲ့ ခင်သဇင်ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှု တွေကြောင့်သာမကပဲ ကိုယ်ကျိုးမဖက် အများအကျိုးကို သယ်ပိုးတတ်တာကြောင့်လည်း ပရိသတ်ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင် ခင်သဇင်ကလည်း အနုပညာအလုပ်တွေ ကိုလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း သူမလက်လှမ်းမှီသလောက် ကုသိုလ်ရေးတွေကို အမြဲမပြတ်ပြုလုပ်နေတဲ့ လူငယ်တစ်ယောက်ပါပဲ..။

သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ပီပီ ပရိသတ်တွေအတွက် အမြဲတမ်း ခံစားမှုရသသစ်တွေကို ချပြလေ့ရှိတဲ့ မင်းသမီး ခင်သဇင်က ဒီကနေ့မှာလည်း အထူးအဆန်းပုံစံလေးနဲ့ ပေါ်ထွက်လို့လာပြန်ပါပြီ။ ခင်သဇင်က တိုကပ်ကပ်ဆံပင်စတိုင်လ်လေးနဲ့ ပရိသတ်တွေမမှတ်မိနိုင်အောင် ရုပ်ပြောင်းသွားခဲ့ပြီး “ ခွင့်မတောင်း ပဲ ဆံပင်လေးတွေ တိုလိုက်မိလို့ စိတ်ဆိုးလား 🙄 ” ဟုဆိုပြီး ပရိသတ်တွေကို ချစ်စနိုးလေး ချွဲလာခဲ့တာပဲ ဖြစ်ပါတယ်..။

သရုပ်ဆာင်မင်းသမီး ခင်သဇင်ကတော့ အရမ်းမိုက်တဲ့ ဆံပင်စတိုင်လ်အသစ်လေးကြောင့် နောက်လူတစ်ယောက်အလား ရုပ်ပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ခင်သဇင်ကို ဒီလို ဆံပင်စတိုင်လ်လေးနဲ့ ကြိုက်နှစ်သက်ရဲ့လား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Bilie – Cele Connections