ျမင္ရသူတိုင္းရင္ကို ေအးျမေစတဲ့ ဆရာဝန္ မင္းသမီးေလး ပိုးမမွီသာကေတာ့ စိုင္းစိုင္းခမ္းလိႈင္ရဲ့ စင္တင္ေပးမႈနဲ့ အနုပညာေလာကထဲ ေရာက္ရိွလာသူတစ္ေယာက္ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလိႈင္ရဲ့ “သိခၤါရသီခ်င္းတစ္ပုဒ္” ဆိုတဲ့ သီခ်င္းကေန လူသိမ်ားလာခဲ့တဲ့ ပိုးမမွီသာက အနုပညာအလုပ္ေတြကို ေက်ာင္းတစ္ဖက္နဲ့ အခ်ိန္ေပးလုပ္ကိုင္လာခဲ့တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုးမမွီသာက စိုင္းစိုင္းခမ္းလိႈင္နဲ့ပဲ အတူတူ “ပိေတာက္ကတဲ့ဂီတ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္ေတြရဲ့ ခ်ီးက်ဴးျခင္းကို ရရိွခဲ့ျပီပဲ ျဖစ္ပါတယ္..။

လက္ရိွမွာေတာ့ အနုပညာအလုပ္ေတြကို ရပ္နားထားတဲ့ သ႐ုပ္ေဆာင္ ပိုးမမွီသာကေတာ့ ေက်ာင္းပညာေရးဖက္ကိုသာ အာရံုစိုက္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ပိုးမမွီသာက သူမကို ခ်စ္စရာေကာင္းေအာင္ ေမြးဖြားေပးခဲ့တဲ့ ေဖေဖနဲ့ ေမေမရဲ့ တကၠသိုလ္က အမွတ္တရဓာတ္ပံုေတြကို မွ်ေဝရင္း “ အဲ့ေခတ္ကတည္းကဓာတ္ပုံဆရာနဲ႔ couple goal လိုလိုဘာလိုလ္ို႐ိုက္ၿပီး Album လိုက္သိမ္းတဲ့ ကြၽန္မအေဖနဲ႔အေမပါ 🤣 ” ဆိုျပီး ငယ္ငယ္ကတည္းက ဓာတ္ပံုရိုက္ဝါသနာပါတဲ့ အေဖနဲ့ အေမကို စေနာက္ထားပါတယ္..။

ဆရာ၀န္သ႐ုပ္ေဆာင္ ပိုးမမွီသာကေတာ့ ေဖေဖနဲ့ ေမေမရဲ့ ေခ်ာေမာတဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထားလို့ အခုလို နုနုနယ္နယ္ေလးနဲ့ အရမ္းလွေနတာ ယံုမွားဖြယ္မရိွပါဘူးေနာ္။ ပရိသတ္ၾကီးလည္း ပိုးမမွီသာရဲ့ေဖေဖနဲ့ ေမေမရဲ့ တကၠသိုလ္ေက်ာင္းက အခ်စ္ဇာတ္လမ္းေလးကိုၾကည့္ျပီး ၾကည္နူးေနမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို့ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

မြင်ရသူတိုင်းရင်ကို အေးမြစေတဲ့ ဆရာဝန် မင်းသမီးလေး ပိုးမမှီသာကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ စင်တင်ပေးမှုနဲ့ အနုပညာလောကထဲ ရောက်ရှိလာသူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ခါရသီချင်းတစ်ပုဒ်” ဆိုတဲ့ သီချင်းကနေ လူသိများလာခဲ့တဲ့ ပိုးမမှီသာက အနုပညာအလုပ်တွေကို ကျောင်းတစ်ဖက်နဲ့ အချိန်ပေးလုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုးမမှီသာက စိုင်းစိုင်းခမ်းလှိုင်နဲ့ပဲ အတူတူ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်..။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ သရုပ်ဆောင် ပိုးမမှီသာကတော့ ကျောင်းပညာရေးဖက်ကိုသာ အာရုံစိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပိုးမမှီသာက သူမကို ချစ်စရာကောင်းအောင် မွေးဖွားပေးခဲ့တဲ့ ဖေဖေနဲ့ မေမေရဲ့ တက္ကသိုလ်က အမှတ်တရဓာတ်ပုံတွေကို မျှဝေရင်း “ အဲ့ခေတ်ကတည်းကဓာတ်ပုံဆရာနဲ့ couple goal လိုလိုဘာလိုလ်ိုရိုက်ပြီး Album လိုက်သိမ်းတဲ့ ကျွန်မအဖေနဲ့အမေပါ 🤣 ” ဆိုပြီး ငယ်ငယ်ကတည်းက ဓာတ်ပုံရိုက်ဝါသနာပါတဲ့ အဖေနဲ့ အမေကို စနောက်ထားပါတယ်..။

ဆရာဝန်သရုပ်ဆောင် ပိုးမမှီသာကတော့ ဖေဖေနဲ့ မေမေရဲ့ ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့ အခုလို နုနုနယ်နယ်လေးနဲ့ အရမ်းလှနေတာ ယုံမှားဖွယ်မရှိပါဘူးနော်။ ပရိသတ်ကြီးလည်း ပိုးမမှီသာရဲ့ဖေဖေနဲ့ မေမေရဲ့ တက္ကသိုလ်ကျောင်းက အချစ်ဇာတ်လမ်းလေးကိုကြည့်ပြီး ကြည်နူးနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Poe Mamhe Thar’s fb
Bilie – Cele Connections