ေက်ာ္ထက္ေအာင္ ကေတာ့ ျမန္မာအိုင္ေ ဒါရဲ႕ အစီအစဥ္ေၾကညာတင္ဆက္သူအျဖစ္ အႏုပညာေလာကထဲကို ေရာက္ရွိလာတဲ့သူျဖစ္ပါတယ္။ တည္ၾကည္ခန္႔ညားပီး အသံၾသဇာရွိတဲ့သူ ျဖစ္တာေၾကာင့္ ပရိတ္သတ္အားေပးမႈကို တခဲနက္ရရွိထားသူပါ။ လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားစြာကို ႐ိုက္ကူးထားၿပီး အဆိုေတာ္ သ႐ုပ္ေဆာင္ အစီအစဥ္တင္ဆက္သူအျဖစ္ ပရိတ္သတ္ေတြရဲ႕ အားေပး လက္ခံမႈကို ရရွိထားပါတယ္။

ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲေတာ္ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ားမွာ ပါဝင္ခြင့္ရခဲ့တာေၾကာင့္ အတိုင္းမသိေပ်ာ္ရွြင္ပီး ဝမ္းသာပီတိျဖစ္ရတယ္လို႔လည္း ဆိုပါတယ္။ ေက်ာ္ထက္ေအာင္ကေတာ့ ရန္ကုန္တကၠသိုလ္မွာ ပညာသင္ခြင့္မရခဲ့ပဲ အေဝးသင္တကၠသိုလ္ပဲ တက္ေရာက္ခြင့္ ရခဲ့တာနဲ႔ ပက္သက္ၿပီးလည္း အခုလိုပဲအမွတ္ တရေတြကို ေျပာျပခဲ့ပါတယ္။

” ကြၽန္ေတာ္ နဲ႔ ႏွစ္တစ္ရာ တကၠသိုလ္…တကယ္ေတာ့ တကၠသိုလ္ႀကီးထဲ တက္ခ်င္ခဲ့တာ ငယ္ငယ္ေလးထဲက “ႏွင္းဆီဝိုင္” ဇာတ္ကားၾကည့္ကတည္းက ငါသာ တကၠသိုလ္တက္ရင္ ဘာညာဆိုၿပီးေတြးေပ်ာ္ခဲ့ဖူးတာ….. ကိုယ့္ေခတ္လည္း ေရာက္ေကာ ေတာဂ်ိဳအုံၾကား ဖုန္တလုံးလုံး နဲ႔ BM ကားႀကီးေပၚ ခါးကုန္းစီးခဲ့ရၿပီး

စိုးျမင့္ေၾကာ္တို႔ ျမန္မာတုန္ယမ္း တို႔ေသာက္စားၿပီး သခ်ၤာ အေဝးသင္ တက္ခဲ့ၾကရတာ …. ဆရာမေတြ အသင္ျပေကာင္းမႈနဲ႔ ေဘာ္ဒါေတြ ရွိခဲ့လို႔သာ…. ဘြဲ႕ရသည္အထိ တက္ခဲ့ရပါတယ္…ဒါေပမယ့္လည္း …. အခုေတာ့ မတက္ခဲ့ရေပမယ့္ ႏွစ္တစ္ရာတိုင္ ခဲ့တဲ့ပြဲ ႀကီးမွာပါဝင္ခြင့္ရခဲ့တာဆိုရင္ျဖင့္ အတိုင္းမသိဝမ္းသာၾကည္ႏူး ပီးေပ်ာ္ရွြင္ရတယ္….. တာဝန္ရွိသူေတြ နဲ႔ ဦးသိန္းႏိုင္ တို႔ မခ်ိဳတို႔ အထူးေက်းဇူးတင္ရပါတယ္ …..” ဆိုကာ တကၠသိုလ္အမွတ္တရေတြကို ျပန္လည္ေျပာျပခဲ့ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ခင္ဗ်ာ။

unicode

ကျော်ထက်အောင် ကတော့ မြန်မာအိုင်ေ ဒါရဲ့ အစီအစဉ်ကြေညာတင်ဆက်သူအဖြစ် အနုပညာလောကထဲကို ရောက်ရှိလာတဲ့သူဖြစ်ပါတယ်။ တည်ကြည်ခန့်ညားပီး အသံသြဇာရှိတဲ့သူ ဖြစ်တာကြောင့် ပရိတ်သတ်အားပေးမှုကို တခဲနက်ရရှိထားသူပါ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများစွာကို ရိုက်ကူးထားပြီး အဆိုတော် သရုပ်ဆောင် အစီအစဉ်တင်ဆက်သူအဖြစ် ပရိတ်သတ်တွေရဲ့ အားပေး လက်ခံမှုကို ရရှိထားပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော် ဖျော်ဖြေရေး အစီအစဉ်များမှာ ပါဝင်ခွင့်ရခဲ့တာကြောင့် အတိုင်းမသိပျော်ရှွင်ပီး ဝမ်းသာပီတိဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ ကျော်ထက်အောင်ကတော့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခွင့်မရခဲ့ပဲ အဝေးသင်တက္ကသိုလ်ပဲ တက်ရောက်ခွင့် ရခဲ့တာနဲ့ ပက်သက်ပြီးလည်း အခုလိုပဲအမှတ် တရတွေကို ပြောပြခဲ့ပါတယ်။

” ကျွန်တော် နဲ့ နှစ်တစ်ရာ တက္ကသိုလ်…တကယ်တော့ တက္ကသိုလ်ကြီးထဲ တက်ချင်ခဲ့တာ ငယ်ငယ်လေးထဲက “နှင်းဆီဝိုင်” ဇာတ်ကားကြည့်ကတည်းက ငါသာ တက္ကသိုလ်တက်ရင် ဘာညာဆိုပြီးတွေးပျော်ခဲ့ဖူးတာ….. ကိုယ့်ခေတ်လည်း ရောက်ကော တောဂျိုအုံကြား ဖုန်တလုံးလုံး နဲ့ BM ကားကြီးပေါ် ခါးကုန်းစီးခဲ့ရပြီး

စိုးမြင့်ကြော်တို့ မြန်မာတုန်ယမ်း တို့သောက်စားပြီး သချင်္ာ အဝေးသင် တက်ခဲ့ကြရတာ …. ဆရာမတွေ အသင်ပြကောင်းမှုနဲ့ ဘော်ဒါတွေ ရှိခဲ့လို့သာ…. ဘွဲ့ရသည်အထိ တက်ခဲ့ရပါတယ်…ဒါပေမယ့်လည်း …. အခုတော့ မတက်ခဲ့ရပေမယ့် နှစ်တစ်ရာတိုင် ခဲ့တဲ့ပွဲ ကြီးမှာပါဝင်ခွင့်ရခဲ့တာဆိုရင်ဖြင့် အတိုင်းမသိဝမ်းသာကြည်နူး ပီးပျော်ရှွင်ရတယ်….. တာဝန်ရှိသူတွေ နဲ့ ဦးသိန်းနိုင် တို့ မချိုတို့ အထူးကျေးဇူးတင်ရပါတယ် …..” ဆိုကာ တက္ကသိုလ်အမှတ်တရတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။