အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်…။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်လာတဲ့သူ တစ်ဦးပါပဲနော်။ သူမဟာဆိုရင် ဖော်ရွေစွာ ဆက်ဆံတတ်တဲ့အမူအကျင့်တွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်…။

လတ်တလောမှာလည်း ကြော်ငြာလေးတွေနဲ့ ဇာတ်လမ်းတွဲအသစ်တွေ ရိုက်ကူးနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်…။ သူမရဲ့ အားလပ်ချိန်တိုင်းမှာလည်း အမှတ်တရပုံရိပ်လေးတွေနဲ့ဗီိဒီယိုဖိုင်လေးတွေကိုလူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေ ပေးလေ့ရှိပါတယ်…။ ဒီဇင်ဘာ(၁၁)ရက်နေ့မှာတော့ ပိုးကြာဖြူခင်က”တစ်ရက်တောင်မပြည့်သေးဘူး ကြော်ငြာလေးကို ကြည့်ရှု့သူ တစ်သန်းကျော်သွားပါပြီ ❤️ ကျမတို့တစ်မိသားစုအားလုံးရဲ့ ကြိုးစားအားထုတ်မှုလေးပေါ့”လို့ဆိုပြီး မာယာလှည့်ကွက်ထဲက မင်းသားမင်းဘုန်းမြတ်နဲ့အတူ ကြော်ငြာဗီဒီယိုဖိုင်လေးကို ကြည့်ရှုသူသန်းချီသွားလို့ ပျော်ရွှင်မဆုံးဖြစ်မိတာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်…။

ပိုးကြာဖြူခင်နဲ့ မင်းဘုန်းမြတ်တို့ရဲ့ ကြော်ငြာလေးကို တစ်ရက်တောင်မပြည့်ပဲ ကြည့်ရှုသူသန်းချီသွားတဲ့အတွက်ကြောင့် ပျော်ရွှင်နေတာလေးကို ပရိသတ်တွေအတွက်ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်…။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတာင်းပေး လိုက်ပါတယ်နော်…။

unicode

Source….Poe Kyar Phyu Khin’s Myday
Credit; (CeleChitThu)