ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပေမယ့် မေပန်းချီနဲ့နော်ဖောအယ်ထားတို့ရဲ့ မုန့်ဖိုးပေးတဲ့အလှူမှာ ရှေ့ဆုံးကတန်းစီခဲ့တဲ့ မြင့်မြတ်ရဲ့ဗီဒီယို

Posted on

ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပေမယ့် မေပန်းချီနဲ့နော်ဖောအယ်ထားတို့ရဲ့ မုန့်ဖိုးပေးတဲ့အလှူမှာ ရှေ့ဆုံးကတန်းစီခဲ့တဲ့ မြင့်မြတ်ရဲ့ဗီဒီယို

ပရိသတ်ကြီးရေ… ဇာတ်လိုက် ဆိုပြီး ပရိသတ်တွေရော အနုပညာလောကသားတွေက ရော ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသားချော မြင့်မြတ် ကတော့ ဟာသ၊ ဒရမ်မာ၊ အက်ရှင် စသည်ဖြင့် ဘယ်လို ဇာတ်ရုပ်မျိုးနဲ့မဆို လိုက်ဖက်သူဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးတွေကိုလည်း လက်ဝယ်ပိုင်ဆိုင်ထား တဲ့ မြင့်မြတ်ဟာ မာန်မာနကြီးခြင်းလုံးဝမရှိပဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးစွာနေထိုင်တတ်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း နောဖောအယ်ထား၊ မေပန်းချီတို့နဲ့ အတူတူ ဇာတ်ကားရိုက်ကူးနေလျက်ရှိတဲ့ မြင့်မြတ်ဟာ ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ မေပန်းချီနဲ့ နော်ဖောအယ်ထားတို့က ရှုတင်က အဖွဲ့သားတွေအားလုံးကို မုန့်ဖိုးဝေငှခဲ့ရာ မြင့်မြတ်က လည်း အပျော်တမ်း ဝင်ရောက်တန်းစီပြီး မုန်ဖိုးတောင်း ခဲ့တာကို အခုလိုပဲ ချစ်စရာကောင်းစွာ တွေ့ရပါတယ်။

မြင့်မြတ်ကတော့ သူ့ရဲ့အနုပညာမောင်နှမတွေနဲ့ အတူတူ ရှုတင်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရတာပဲ ဖြစ် ပါတယ်။ပရိသတ်ကြီးလည်း မြင့်မြတ်တို့ အနုပညာမောင်နှမတွေရဲ့ချစ်စရာဗီဒီယို လေးကို သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Credit;





Credit;