ထိပ်တန်းမင်းသား မင်းသမီးတွေပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင်တေးအနေနဲ့မြင်တွေ့ရမယ့် Anonimous ရဲ့ “ထားလိုက်ပါ” သီချင်း

Posted on

ထိပ်တန်းမင်းသား မင်းသမီးတွေပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင်တေးအနေနဲ့မြင်တွေ့ရမယ့် Anonimous ရဲ့ “ထားလိုက်ပါ” သီချင်း

ပရိသတ်ကြီးရေ… လက်ရှိ လူမှု ကွန်ယက်စာမျက်နှာတွေအားလုံးမှာ နာမည်ကြီးနေတဲ့ Anonimous ရဲ့ “ထားလိုက်ပါ” သီချင်းကို အထွေအထူး မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူးနော်။ Anonimous ဟာ အဆိုပါ “ထားလိုက်ပါ” သီချင်းနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအထိ အောင်မြင်လာခဲ့ပြီး သူကိုယ်တိုင် လည်း နေရာတစ်နေရာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

Anonimous ရဲ့ “ထားလိုက်ပါ” သီချင်းဟာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စိတ်ကြိုက်ဖြစ်ခဲ့ပြီး ရုပ်ရှင်ကုမ္ပဏီ တွေကလည်း ဇာတ်ဝင်တေးသီချင်းအဖြစ် အသုံးပြုဖို့ စာချုပ်ချုပ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် “ဖြတ်စ” ရုပ်ရှင်ဇာတ်ကားကြီးမှာ “ထားလိုက်ပါ” သီချင်းကို ဇာတ်ဝင်တေးအဖြစ် အသုံးပြုထားကြောင်း ရုပ်ရှင်ထုတ်လုပ်သူက ချပြလာပါတယ်။

Anonimous ရဲ့ “ထားလိုက်ပါ” သီချင်းကတော့ အခုဆို ရင် နိုင်ငံကျော် ထိပ်ထိပ်ကြဲ အကယ်ဒမီ မင်းသား မင်းသမီးတွေ မြင့်မြတ်၊ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင် ထားတဲ့ “ဖြတ်စ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင် တေးအဖြစ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ဖြတ်စ” ရုပ်ရှင်ဇာတ်ကား ကြီး ထွက်ရှိလာရင် အားပေးပေးကြပါဦးနော်။

Credit;





Credit;