Source: Eaindra Kyaw Zin’s fb
ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အလှမယ်ပြိုင်ပွဲတွေကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အကယ်ဒမီသုံးဆုရှင် နိုင်ငံကျော် ထိပ်တန်းမင်းသမီးအဖြစ် ဒီနေ့ဒီအချိန်ထိ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်က သူမရဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားပြီး ကြော်ငြာအချို့ကိုသာ ရိုက်ကူးပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားချိန်မှာ သူမရဲ့ ချစ်ပရိ သတ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခြင်းမရှိအောင် သူမရဲ့ တစ်နေ့တာ နေထိုင်မှုပုံစံကိုလည်း ရံဖန်ရံခါ ချပြပေးနေတာပဲ ဖြစ်ပါတယ်..။
ဒီကနေ့မှာလည်း အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်က သူမရဲ့အစ်မရင်းဖြစ်သူ ဒီဇိုင်နာအိကျော်ဇင်ရဲ့ အကျႌလေးတွေဝတ်ပြီး စတိုင်လ်ထုတ်ပဲများနေတဲ့ ပုံရိပ်လေးတွေကို ချပြခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်က အမေနဲ့တူပြီး ဓာတ်ပုံရိုက်ခံရတာ ဝါသနာပါတဲ့ သားငယ်လေး ပြေဓီရအကြောင်းကို “ ဓာတ်ပုံရိုက်ပြီဆို မောင်ဖိုးဓီကလဲ ဝင်ရှုပ်🤣🤣 ” ဟုဆိုပြီး သားလေးကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက်လည်း အမှတ်တရ ဓာတ်ပုံလေးကို ချပြလာပါတယ်..။
အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ အမြဲတမ်းဓာတ်ပုံအရိုက်ခံရတဲ့ မင်းသမီးတစ်လက်ဆိုပေမယ့် ဓာတ်ပုံရို်က်တာကို ဘယ်တော့မှ ငြီးငွေ့မသွားဘူးလို့ သူမရဲ့ အင်တာဗျူးတွေမှာ ဖြေကြားဖူးသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အမေနဲ့ ရုပ်ရည်ချော၊ အမူအကျင့်လေးတွေပါတူတဲ့ ဖိုးဓီလေးကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီ းအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit – Cele Connections