


Source: Ngwe Hmone Yati’s fb
unicode

အနုပညာလောကရဲ့ ထူးခြားတဲ့ သရုပ်ဆောင်ကောင်း ညီအစ်မတွေဖြစ်ကြတဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ ညီအစ်မကတော့ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ အောင်မြင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ အနုပညာပျိုးခင်းကနေတဆင့် မင်းသမီးဖြစ်လာခဲ့ပြီး နာမည်ရလာချိန်မှာ သူမရဲ့ ညီမလေး ငွေမှုံရတီကိုလည်း အနုပညာလောကထဲ လက်တွဲခေါ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ အိမမ်ထောင်ကျသွားပေမယ့် ညီမလေးအတွက် အမြဲတမ်းအချိန်ပေးပြီး ညီမလေး ငွေမှုံရတီ နဲ့ အရင်အတိုင်း သွားလာစားသောက်နေကြဆဲပဲ ဖြစ်ပါတယ်..။

အသက်ချင်းသိပ်မကွာကြတဲ့ ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ကတော့ ညီအစ်မဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းလို ဆက်ဆံနေထိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေမှုံရတီက ဓာတ်ပုံတွေကို ဝါးအောင်ရိုက်ပေးလို့ စိတ်ကောက်နေတဲ့ ညီမလေးကို ချော့မော့နေတာကို တွေ့ရပါတယ်။ ငွေမှုံရတီက “ ဝါးတားတားပဲရိုက်ပေးတာဆရာမကြီးက😂😂 ” ဆိုပြီးပြောလာတဲ့အပေါ် ရွှေမှုံရတီက “ 😜😜😜Sorry ငါမူးနေလို့😜😜😜 ” ဟုဆိုပြီး အကျိုးအကြောင်းပြောကာ ညီမလေးကို ချော့ခဲ့ရပါတယ်..။

သရုပ်ဆာင်မင်းသမီးချောများဖြစ်ကြတဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီကတော့ ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲရှိကြတဲ့ ညီအစ်တွေဖြစ်ပြီး အခုချိန်ထိတိုင် အချစ်မလျော့သွားကြတဲ့ ညီအစ်မတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ ညီအစ်မနှစ်ယောက်စလုံးကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections