


unicode

ပရိသတ်​​တွေ အရမ်​းချစ်ပြီးအားပေး​ကြတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆု​ရတီစိုးကတော့ ရုပ်လေးလည်း နုသလို၊ နှလုံးသားလေးပါ နူးညံ့လွန်းတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပေမယ့် ငယ်ရွယ်နုနယ်တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို လှပတာကြောင့် ပရိသတ်တွေ မချစ်ပဲမနေနိုင်တဲ့ မင်းသမီးလေးအဖြစ် တင်စားခံနေရတာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကလည်း သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အားကြိုးမာန်တက်အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေပြီး မရိုးနိုင်တဲ့ ခံစားမှုရသတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်..။

နိုင်ငံကျော် အဆိုတော်တစ်ယောက်နဲ့ လမ်းခွဲပြတ်စဲပြီးနောက် အချစ်ရေးနဲ့ ပက်သတ်ပြီး အေးဆေးတည်ငြိမ်နေတဲ့ နန်းဆုရတီစိုးက ဒီကနေ့မှာတော့ သူမရဲ့ ပရိသတ်တွေကို စိတ်ဝင်စားစေမယ့် ဓာတ်ပုံလေးတစ်ပုံကို ပြသလာပါတယ်။မင်းသမီးချောလေး နန်းဆုရတီစိုးက စုံတွဲပုံပန်းချီကားလေးနဲ့ ပန်းစည်းလှလှလေးတွေကို လက်ဆောင်ရရှိခဲ့ကြောင့် ဓာတ်ပုံလေးတစ်ပုံကြောင့် ပရိသတ်တွေက နန်းဆုတစ်ယောက် ချစ်သူရှိပြီလားလို့ ထင်မှတ်ခံနေရတာပဲ ဖြစ်ပါတယ်..။

အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ဘာကိုမှ ပွင့်ပွင့်လင်းလင်းပြောခြင်းမရှိပဲ လျှို့ဝှက်ထားဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော နန်းဆုတစ်ယောက် ချစ်သူရှိနေပြီလို့ ထင်မှတ်နေပြီလား ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Nansu Yati Soe’s fb
Bilie – Cele Connections