Source: Yone Lay’s fb
ချစ်လှစွာသောပရိတ်သတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ယုန်လေးကတော့ အနုပညာကို အသွေးထဲအသားထဲက ဝါသနာပါပြီး ရူးသွပ်စွဲလန်းစွာလုပ်ကိုင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထား သူတစ်ယောက်ပါ။ ယုန်လေးက သူ့ရဲ့ စေတနာအမှားတွေကြောင့် လွဲမှားမှုတွေဖြစ်ပေါ်ခဲ့တာတွေရှိခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်ရိုက်ကူးခွင့် တစ်နှစ်ပိတ်ပင်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယုန်လေးက ဖုန်းနဲ့ရိုက်ကူးတဲ့ အွန်လိုင်းကြော်ငြာတွေသာ ရိုက်ကူးနေလျက်ရှိပြီး အနုပညာအလုပ်တွေကို လျှော့ချနေခဲ့တာကို တွေ့ရ့ပါတယ်..။
စိတ်သဘောထားကောင်းပြီး သူတစ်ပါးကို အမြဲတမ်း ကူညီချင်စိတ်အပြည့်ရှိတဲ့ အဆိုတော်သရုပ်ဆောင်ဒါရိုက်တာ ယုန်လေးက လူတိုင်းအပေါ်ကို စေတနာမေတ္တာထားသူတစ်ယောက်အဖြစ် ကောင်းသတင်းကျော်စော်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အဆိုတော် ယုန်လေးက လမ်းမပေါ်မှာ ပန်းရောင်းနေရတဲ့ကလေးတွေကို ပျော်စရာဂိမ်းလေးတွေဆော့ကစားစေပြီး မုန့်ဖိုးတွေအများကြီး ပေးခဲ့တာကို “ လွတ်လပ်ရေးနေ့ မဆော့လိုက်ရတဲ့အနေနဲ့ ဒီနေ့ ကျွန်တော်ရဲ့ဆရာကြီးတွေနဲ့ မီးပွိုင့်မှာ Rocker ဗူးလေးတွေနဲ့ ဆော့ခဲ့တယ်။ သူတို့ ပျော်နေတာကြည့်ပြီး ကိုယ်လည်း အပျော်တွေကူးပါတယ်။ အားလုံး အရာရာ အဆင်ပြေပါစေ 🤍 ” ဟုဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Live လွှင့်ပြီး အမှတ်တရချပြလာတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်..။
အဆိုတော် ယုန်လေးကတော့ လမ်းမပေါ်မှာ စျေးရောင်းပြီး ပင်ပန်းနေကြတဲ့ ကလေးတွေကို ဂိမ်းလေးတွေဆော့ကစားစေပြီး ပျော်ရွှင်စေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit – Cele Connections