


unicode

ချစ်လှစွာသောပရိသတ်ကြီးရေ(၂၀၁၀ )ခုနှစ်က ဂျွန်လွင်ရဲ့ Star int’l Models Agency ကနေ မော်ဒယ်သရုပ်ဆောင်အသစ် ဘဝအဖြစ် စတင်ခဲ့တဲ့ ဇေရဲထက်ဟာ အချိန်တိုအတွင်း စီးပွားရေးကြော်ညာများစွာ လက်ခံရိုက်ကူးပေးနိုင်ခဲ့ပြီး( ၂၀၁၂ )မှာတော့ ခေါင်းဆောင်မင် းသားအဖြစ် ရိုက်ကူးနိုင်ခဲ့တာပါ။အချိန်တိုအတွင်းလေးမှာ မော်ဒယ်ဘဝ ကြော်ညာမင်းသားဘဝ အောင်မြင်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုမင်းသားဘဝ ဆိုပြီး တစ်ဆင့်ချင်းမှန်မှန် တတ်လှမ်းနိုင် သူပဲဖြစ်ပါတယ်။

ပြေပြစ်ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပရိတ်သတ်အပေါ်မှာလဲ ဂရုစိုက်တတ်သူဖြစ်ပြီး မိသားစုအပေါ်မှာလဲ တာဝန်ကျေပွန်သူ တစ်ယောက်ဖြစ်တဲ့အပြင် အနုပညာလောကမှာလဲ ခိုင်မာတဲ့နေရာတစ်ခုမှာ ရပ်တည်နေနိုင်တဲ့ ဇေရဲထက်ရဲ့ ဘဝလေးဟာ အေးချမ်းပြည့်စုံပြီး စိတ်ချမ်းသာစရာကောင်းပါတယ်။ဇေရဲထက်တော့ အလှူအတန်းတွေတတ်နိုင်သလောက် ပြုလုပ်ကာ အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့ နိုင်ငံကျော်မင်းသား တစ်လက်ပါ။

အခုလို အေးချမ်းပျော်စရာကောင်းတဲ့ သူ့ဘဝလေးထဲမှာသူ့ရဲ့ပရိသတ်တွေအပေါ်ထားတဲ့ စိတ်ကိုအခုလိုပဲ ​ပြောပြရင်ဖွင့်ခဲ့တာပါ။ ”ကျနော်က ကျနော့်ရဲ့ fanတွေကို ညီ ညီမ အကို အမ အမေ အဖေ အန်တီ. ဦးလေး အာ့လိုအမျိုးတွေလို ချစ်တာ ပျော်စရာကောင်းတယ်. Second family” ဆိုတဲ့စာလေးနဲ့ ပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Zay Ye Htet
Credit – Myanmar Cele-Cafe