


Source: Yoon Yoon & Thazin Htoo Myint’s fb

ရုပ်ရှင်ကြည့် ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးလေးတွေဖြစ်ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ကတော့ ငယ်ဂုဏ်လေးတွေကိုယ်စီနဲ့ အသီးသီးလှပကြသူလေးတွေ ဖြစ်ပါတယ်။ သက်တူရွယ်တူလေးတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို အတူတူလုပ်ကိုင်လာလျက်ရှိတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သရုပ်ဆောင် ယွန်းယွန်းနဲ့ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် လက်တွေ့ဘဝက နေထိုင်သွားလာမှုတွေကိုပါ စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်..။

လက်ရှိမှာတော့ သရုပ်ဆောင်မင်းသမီးလေးများဖြစ်ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က Double Dating ဆိုတဲ့ အစီအစဉ်ကို အောင်မင်းခန့်၊ စည်သူဝင်းတို့နဲ့ အတူတူရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၂၁) ရက်နေ့မှာတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က Double Dating အစီအစဉ်အတွက် တစ်မိုးအောက်မှာ အတူတူညအိပ်ကြရင်း သူငယ်ချင်းနှစ်ယောက် အမှတ်ရစရာ အခိုက်အတံ့လေးတွေကို ပိုင်ဆိုင်ခဲ့ကြောင်း သူမတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသီးသီး မျှဝေပေးထားပါတယ်..။

မင်းသမီးချောလေးများဖြစ်တဲ့ သရုပ်ဆောင် ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ကတော့ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်လေးတွေသာရှိသေးပေမယ့် သူမတို့ရဲ့ ကြိုးစားမှုကြောင့် ပရိသတ်တွေက တွဲမြင်ကြတဲ့အထိ အောင်မြင်မှုရရှိနေပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့နှစ်ယောက်စလုံးရဲ့ ရှေ့ဆက်ပြုလုပ်မယ့် အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections