Credit; MMLoad
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ.. ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ အနုပညာ စွမ်းရည်တွေကြောင့်လည်း အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။သက်မွန်မြင့်ကတော့ ဗီဒီယို ခေတ်ကတည်းက အနုပညာလောက ထဲ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။
သက်မွန်မြင့်က အခုလက်ရှိမှာတော့ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပြည်သူ့လှုပ်ရှားမှုတွေမှာ ပြည်သူ့ဘက်ကနေ ရပ်တည်လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။သက်မွန်မြင့်ကတော့ စေတနာပျက်အောင် အနှောက်အယှက်ပေးသလို ဖြစ်နေပြီမို့ နိုင်ငံတကာ သတင်းတွေ ၊နိုင်ငံ့သမ္မတ ပို့စ်တွေအောက်မှာ copy မန့်တွေ လိုက်မန့်နေတာကို ရပ်လိုက်ကြဖို့ အနူးအညွတ်မေတ္တာရပ်ခံလာတာပဲ ဖြစ်ပါတယ်။
သက်မွန်မြင့်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ”Keyboard Fighter တို့ရေ အနူးအညွတ် မေတ္တာရပ်ခံပါရစေ။ Media Attention လည်း ရသင့်သလောက် ရပြီးသွားပါပြီ။ နိုင်ငံတကာသတင်းတွေ၊ နိုင်ငံ့သမ္မတတွေရဲ့ ပိုစ့်တွေအောက်မှာ Copy မန့်တွေ လိုက်မန့်နေတာ ရပ်ကြပါတော့။ နိုင်ငံတကာကလူတွေ အရမ်းAnnoy ဖြစ်နေကြပါပြီ။ အသံတွေ ထွက်လာပါပြီ။ မလုပ်ကြပါနဲ့တော့။ သူတို့ မြန်မာပြည်အတွက် Postတွေ တင်ပေးနေတာ ကိုယ်တွေအားလုံး Copy မန့်တွေ သွားမန့်နေတာထက် အသံပိုကျယ်ပါတယ်။ စေတနာပျက်အောင် အနှောက်အယှက်ပေးသလို ဖြစ်နေပြီမို့ ရပ်ကြပါတော့။ ထပ်ပြောပါရစေ Copy မန့်တွေ ရပ်ကြပါတော့။ Please. …….” ဆိုပြီးသူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်…။ဖတ်ရှုပေးတဲ့ချစ်ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။
Source: Thet Mon Myint’s FB Page
Credit; MMLoad