


unicode

အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကမှာ လူသိများလာခဲ့တဲ့ သရုပ်ဆောင်မင်းသမီး ခင်ဝင့်ဝါကတော့ Miss Supranational 2013 ရဲ့ Miss Internet Award ဆုအပါအဝင် အလှမယ်ဆု (၄) ဆုအထိ ပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ခင်ဝင့်ဝါက အခုဆိုရင် အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ် ကျော်ကြားလာပြီး နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဦးဆောင်ပါဝင်နေတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ ခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းဆည်းပြီး ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တည်း Single လေးအဖြစ်သာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်..။

လက်ရှိမှာ Covid ကာလဖြစ်လို့ ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ ခင်ဝင့်ဝါကတော့ ကြော်ငြာဓာတ်ပုံလေးတွေကို ရိုက်ကူးရင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်ဝင့်ဝါက သူမမေမေရဲ့ မင်္ဂလာဝတ်စုံနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံရိုက်ကွင်းပေါ်က အမှတ်တရတွေကို ဖခင်ခေတ်က ရုပ်ရှင်ဇာတ်ကားတစ်ကားအတိုင်း ထူးခြားစွာ ဖန်တီးခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ခင်ဝင့်ဝါရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရတွေကို မျှဝေပေးလိုက်ပါတယ်နော်..။

သရုပ်ဆောင် မော်ဒယ်လ် ခင်ဝင့်ဝါကတော့ သူမကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က အမှတ်တရလေးကို ထူးခြားစွာ ဖန်တီးပြီး တင်ဆက်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ဖလင်ဇာတ်ကားတစ်ကားကို ကြည့်လိုက်ရသလို ခံစားရမှ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Khin Wint Wah’s fb
Bilie – Cele Connections