unicode
သရုပ်ဆောင် နေခြည်ဦးကတော့ ဘလော့ဂါတစ်ယောက်ကနေပြီး သရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ်ကို အချိန်တိုအတွင်းအောင်မြင်မှုရရှိလာသူပါ။ အခုလည်း နာမည်ကျော်အမှတ်တံဆိပ်တော်တော်များ များနဲ့ လက်တွဲပြီးတော့အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ဘလော့ဂါ သရုပ်ဆောင် နေခြည်ကတော့ She Shines Jewelry အတွက် live sale ကို(၃)ရက်တိုင်တိုင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်..။
Live Sale ပြုလုပ်ခဲ့တဲ့ (၃) ရက်လုံး ပစ္စည်းဖိုးကိုသိန်းပေါင်းများစွာရောင်းချခဲ့ရတာဖြစ်ပြီး အားပေးဝယ်ယူသူလည်း များပြားခဲ့ပါတယ်။ နေခြည်ကတော့ အခုလိုအောင်အောင်မြင်မြင်ရောင်းချနိုင်ခဲ့တဲ့အတွက် “ တကယ် နေခြည် လုပ်နိုင်ခဲ့ပါပြီ။ အတိုက်အခိုက်တွေကြားက ေ နခြည်အကောင်းဆုံး ကြိုးစားပြီး ပန်းတိုင်ကို ဝင်နိုင်ခဲ့ပါပြီ။ ဖိအားတွေတွန်းအားတွေပေးတဲ့သူတွေကြောင့် ပိုပြီးကြိုးစားဖြစ်တယ် အားပေးတဲ့သူ ချစ်တဲ့သူတွေကြောင့် နေခြည်ပိုပြီး ခံနိုင်ရည်ရှိလာပါတယ်။ နေခြည်ဦး fan တွေက ကလေးတွေ ဘယ်သူကဝယ်မှာလဲ ဆိုသူတွေအတွက် We Are RED HOT CHILLIES .. My 2020 is better than yours လို့လှလှလေးပြန်ပြောပါရစေနော် “ ဟုဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ..။
သရုပ်ဆောင်မင်းသမီး နေခြည်ဦးကတော့ She Shines Jewelry အတွက် Live Sale ပြုလုပ်ပေးခဲ့ဖူးပြီး အရင်တစ်ခေါက်ကလည်း အလွန်ရောင်းကောင်းခဲ့တာကြောင့် ရရှိခဲ့တဲ့ရောင်းရငွေထဲကနေပြီး သိန်း(၁၀၀၀)ကျော်ကိုလှူဒါန်းခဲ့ပါသေးတယ်။ နေခြည်ကတော့ အစဉ်အမြဲအောင်မြင်လျက်ပါပဲနော်…။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိ်ုင်ဆိုင်နိုင်ပါစေလို့ဆု
မွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Source : NayChiOo