ခ်စ္ပရိသတ္ႀကီးေရ သရုပ္ေဆာင္ စည္ျဖိဳးကေတာ့ အနုပညာ အလုပ္၊ စီးပြားေရးအလုပ္ေတြတစ္ဖက္လုပ္ကိုင္ရင္း တစ္ဖက္မွာလည္း ခ်စ္သူေလး ခင္လႊမ္းနဲ့ သာယာေအးခ်မ္းတဲ့ အခ်စ္လမ္းခရီးကို အတူတူ ေလွ်ာက္လွမ္းေနၾကတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ တူနွစ္ကိုယ္ဘဝကို တည္ေဆာက္ျပီး ေအးအတူ ပူအမွ် ဇနီးေမာင္နွံေတြျဖစ္သြားၾကျပီျဖစ္တဲ့ စည္ျဖိဳးနဲ့ ခင္လႊမ္းက သူတို့နွစ္ေယာက္ရဲ့ ပထမဦးဆံုး သမီးေလးအတြက္ စိတ္လႈပ္ရွားရင္ခုန္ျခင္းမ်ားစြာ ျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့နွစ္ေယာက္ စလံုးက သရုပ္ေဆာင္ပီပီ ေခ်ာေမာတဲ့ ရုပ္ရည္ေတြကို ပိုင္ဆိုင္ထားတာမို့ သူတို့နွစ္ေယာက္ရဲ့ သမီးေလးကို ပရိသတ္ေတြကလည္း စိတ္လႈပ္ရွားေနၾကတာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ကိုယ္ဝန္တျဖည္းျဖည္းရင့္လာခဲ့ျပီျဖစ္တဲ့ ခင္လႊမ္းကေတာ့ မိခင္တစ္ေယာက္ ပီပီ ဗိုက္ထဲမွာရိွတဲ့ မျမင္ရေသးတဲ့ သမီးေလးအတြက္ စိတ္ကူးနဲ့ ရူးေနရွာတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခင္လႊမ္းက သမီးေလးအတြက္ အသံုးအေဆာင္ပစၥည္းေတြကိုလိုခ်င္တာေၾကာင့္ ခင္ပြန္းျဖစ္သူ စည္ျဖိဳးကို “တစ္ေန႔တစ္ေန႔ ကေလးပစၥည္းေတြ ၾကည့္ၿပီး သေရယိုေနတာ။ က်ားက်ားေတာ့သနားပါတယ္ 😁 က်ားေရ အရမ္းခ်စ္တယ္ေနာ္ 😍🥰😘’” ဆိုျပီး အခြ်ဲပိုေနတာကို ေတြ့ရပါ တယ္။

သ႐ုပ္ေဆာင္ခင္လႊမ္းနဲ့ စည္ျဖိဳးတို့ကေတာ့ သူတို့နွစ္ေယာက္ရဲ့ ပထမဦးဆံုးရင္ေသြးေလးကို ပိုင္ဆိုင္ရတာမို့ မိဘေတြပီပီ စိတ္ကူးယဥ္ေမွ်ာ္မွန္းေနရတာပဲ ျဖစ္ပါတယ္။ သမီးေလးလည္း က်န္းက်န္းမာမာနဲ့ လူ့ေလာကၾကီးထဲေရာက္ရိွလာပါေစလို့ ဆႏၵျပဳလုိက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္….။

Source: Khin Hlwan ‘s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် စည်ဖြိုးကတော့ အနုပညာ အလုပ်၊ စီးပွားရေးအလုပ်တွေတစ်ဖက်လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ချစ်သူလေး ခင်လွှမ်းနဲ့ သာယာအေးချမ်းတဲ့ အချစ်လမ်းခရီးကို အတူတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် တူနှစ်ကိုယ်ဘဝကို တည်ဆောက်ပြီး အေးအတူ ပူအမျှ ဇနီးမောင်နှံတွေဖြစ်သွားကြပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းက သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံး သမီးလေးအတွက် စိတ်လှုပ်ရှားရင်ခုန်ခြင်းများစွာ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့နှစ်ယောက် စလုံးက သရုပ်ဆောင်ပီပီ ချောမောတဲ့ ရုပ်ရည်တွေကို ပိုင်ဆိုင်ထားတာမို့ သူတို့နှစ်ယောက်ရဲ့ သမီးလေးကို ပရိသတ်တွေကလည်း စိတ်လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကိုယ်ဝန်တဖြည်းဖြည်းရင့်လာခဲ့ပြီဖြစ်တဲ့ ခင်လွှမ်းကတော့ မိခင်တစ်ယောက် ပီပီ ဗိုက်ထဲမှာရှိတဲ့ မမြင်ရသေးတဲ့ သမီးလေးအတွက် စိတ်ကူးနဲ့ ရူးနေရှာတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်လွှမ်းက သမီးလေးအတွက် အသုံးအဆောင်ပစ္စည်းတွေကိုလိုချင်တာကြောင့် ခင်ပွန်းဖြစ်သူ စည်ဖြိုးကို “တစ်နေ့တစ်နေ့ ကလေးပစ္စည်းတွေ ကြည့်ပြီး သရေယိုနေတာ။ ကျားကျားတော့သနားပါတယ် 😁 ကျားရေ အရမ်းချစ်တယ်နော် 😍🥰😘’” ဆိုပြီး အချွဲပိုနေတာကို တွေ့ရပါ တယ်။

သရုပ်ဆောင်ခင်လွှမ်းနဲ့ စည်ဖြိုးတို့ကတော့ သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရတာမို့ မိဘတွေပီပီ စိတ်ကူးယဉ်မျှော်မှန်းနေရတာပဲ ဖြစ်ပါတယ်။ သမီးလေးလည်း ကျန်းကျန်းမာမာနဲ့ လူ့လောကကြီးထဲရောက်ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Khin Hlwan ‘s fb
Credit – Cele Connections